Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အိမ်ထောင်ရေး ကွာရှင်းတော့မယ်ဆိုတဲ့ ကောလာဟလ ကို Will Smith က မှားယွင်းနေကြောင်း တုံ့ပြန်ပြောဆို

အိမ်ထောင်ရေး ကွာရှင်းတော့မယ်ဆိုတဲ့ ကောလာဟလ ကို Will Smith က မှားယွင်းနေကြောင်း တုံ့ပြန်ပြောဆို

| No comment



ဟောလီးဝုဒ် မင်းသား နဲ့ ရပ်အဆိုတော် Will Smith ဟာ သူနဲ့ သူ့ရဲ့ ဇနီးဖြစ်သူ Jada Pinkett Smith တို့ဟာ ကွာရှင်းတော့မယ်ဆိုတဲ့ ကောလာဟလ အတု တွေကို ပြန်လည် တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

လအနည်းငယ် ကတည်းက ထွက်ပေါ်နေတဲ့ ထို ကွာရှင်းတဲ့ ကောလာဟလ တွေဟာ မှားယွင်းစွာ ပြောဆိုထားခြင်းဖြစ်ပြီး လျှို့ဝှက်စာရွက်စာတမ်းတွေနဲ့ ကွာရှင်းမယ်ဆိုတာကိုလည်း မဟုတ်ပါဘူးလို့ Will Smith က ဆိုလိုက်ပါတယ်။

၁၉၉၇ ခုနှစ်ကတည်းက Jada Pinkett နဲ့လက်ထပ်ခဲ့တဲ့ မင်းသား Will Smith ဟာ  သူ့အနေနဲ့ သာမန် ဝေဖန်တိုက်ခိုက်မှု မျိုးကို တုံ့ပြန်လေ့မရှိပေမယ့်လည်း အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ကောလာဟလ ကတော့ သူ့ကို အရမ်း စိတ်မကောင်းဖြစ်စေတယ်လို့ ဆိုပါတယ်။

အသက် ၄၆ နှစ်ရှိနေပြီဖြစ်တဲ့ Will Smith က သူ့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ရေးသားခဲ့တာကတော့ "သာမန်ဝေဖန်မှုမျိုးတွေရဲ့အောက်မှာဆို ငါ ဟာ ရူးနှမ်းမှုတွေကို မတုံ့ပြန်တတ်ပါဘူး။ ဒါပေမယ့် အခုတော့ လူအများစုက သူတို့ရဲ့ ရင်ထဲက ၀မ်းနည်းမှု တွေကိုလာပြနေတော့ ဘာတွေဖြစ်ကုန်တာလည်း။ ငါလည်း ရူးနှမ်းသွားနိုင်တယ်လေ" လို့ ရေးသားထားပြီး သူနဲ့ Jada နဲ့ တစ်ကယ်ကွာရှင်းဖြစ်ခဲ့ရင် သူကိုယ်တိုင် အားလုံးကို အရင်ဆုံး အသိပေးမယ်လို့ ကတိပေးကြောင်းလည်း ရေးသားထားခဲ့ပါသေးတယ်။

Jada Pinkett Smith ကလည်း သူမရဲ့ Twitter အကောင့်မှာ "ငါ့ရဲ့ ဘုရင် မင်းတို့ကို စကားပြောနေပြီ" လို့ ရေးသားထားပါသေးတယ်။ အိမ်ထောင်သက် ၁၇ နှစ်ရှိနေပြီဖြစ်တဲ့ Will Smith နဲ့ Jada Pinkett Smith တို့မှာ အသက် ၁၇ နှစ်အရွယ် သားလေး Jaden Smith နဲ့ အသက် ၁၄ နှစ်အရွယ် Willow Smith ဆိုတဲ့ သမီးတစ်ယောက် လည်း ရှိနေပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror