Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Wiz Khalifa နဲ့ Amber Rose တို့ဟာ သားဖြစ်သူ Sebastian အတွက် ပြန်လည်တွေ့ဆုံခဲ့ကြပါတယ်

Wiz Khalifa နဲ့ Amber Rose တို့ဟာ သားဖြစ်သူ Sebastian အတွက် ပြန်လည်တွေ့ဆုံခဲ့ကြပါတယ်

| No comment



Wiz Khalifa နဲ့ မကြာခင်မှာ ဇနီးဟောင်းဖြစ်လာမယ့် Amber Rose တို့ဟာ သားဖြစ်သူအတွက် ဒီတစ်ပတ်မှာ ဆုံတွေ့ခဲ့ကြပါသတဲ့။

Los Angeles , Hollywood Bowl မှာ Fall Out Boy နဲ့အတူကျင်းပတဲ့ Zummer တေးဂီတပွဲမှာ အသက် ၂၇နှစ်အရွက် ရက်ပ်ပါအဆိုတော်ဟာ ၃၁နှစ်အရွယ် မော်ဒယ်လ်ဖြစ်သူနဲ့ ရင်းရင်းနှီးနှီးပဲ ရှိနေခဲ့ပါတယ်။

Rose က သူတို့နှစ်ဦးရဲ့ရင်သွေး ၂ နှစ်သားလေးနဲ့အတူ သူ့အဖေရဲ့ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

Rose က Khalifa နဲ့ စတိတ်ခုံပေါ်မှာပျော်နေတဲ့ Sebastian ရဲ့ ဗီဒီယိုမှာ “ ကျွန်မတို့ရဲ့ Rockstar ပိစိလေးပါ! Sebastian က မနေ့ညက သူ့အဖေရဲ့ရှိုးပွဲမှာ ပါဝင်ခဲ့တယ်လေ” လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ပြီးတော့ ဂီတပွဲမှာ ကလေးလေးကို ပွေ့ချီထားတဲ့ပုံကိုလည်း “ ကျွန်မရဲ့အကောင်းဆုံးလက်ဆောင်” ဆိုပြီး တင်ထားပါသေးတယ်။

Khalifa နဲ့ Rose တို့ဟာ ၂၀၁၁ခုနှစ်က စတွေ့ခဲ့ကြတာဖြစ်ပြီး ၂၀၁၃ ဖေဖော်ဝါရီမှာ Sebastian လေးကိုရရှိခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ အဲ့ဒီနှစ်ဂျူလိုင်လမှာ လက်ထပ်ခဲ့ကြပြီး ၂၀၁၄ စက်တင်ဘာလမှာ လမ်းခွဲဖို့ ဖြစ်လာကြပါတယ်။ ဧပြီလတုန်းကလည်း Sebastian နဲ့အတူ အီစတာပွဲကျင်းပဖို့ သူတို့၂ယောက် ပြန်လည်တွေ့ဆုံခဲ့ကြပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi