Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Women's Health မဂ္ဂဇင်းအတွက် ၀တ်လစ်စလစ် ဓါတ်ပုံရိုက်ခဲ့တဲ့ Chrissy Teigen

Women's Health မဂ္ဂဇင်းအတွက် ၀တ်လစ်စလစ် ဓါတ်ပုံရိုက်ခဲ့တဲ့ Chrissy Teigen

| No comment



ဆွဲမက်စရာ ကောက်ကြောင်းအလှတွေကြောင့် ထင်ပေါ်ကျော်ကြားတဲ့ အမေရိကန် မော်ဒယ်လ် မလေး Chrissy Teigen ဟာ ဗြိတိန်နိုင်ငံကထုတ်လုပ်တဲ့ Women's Health UK မဂ္ဂဇင်းရဲ့ နောက်ဆုံးထုတ် စာအုပ်မှာ အ၀တ်မပါပဲ လုံးဝ ၀တ်လစ်စလစ် နဲ့ ဓါတ်ပုံအရိုက်ခံခဲ့ပါတယ်။

Lip Sync Battle ဆိုတဲ့ အစီအစဉ်မှာလည်း တွဲဖက် တင်ဆက်သူ တစ်ယောက် အဖြစ်လုပ်ကိုင်နေတဲ့ Chrissy ဟာ မဂ္ဂဇင်း ရဲ့ Nude Issue လို့ အမည်ပေးထားတဲ့ တစ်အုပ်လုံးကို ၀တ်လစ်စလစ် ဓါတ်ပုံတွေ အသားပေးဖော်ပြသွားမယ့် စာအုပ်မှာ ဗြိတိန် ကြယ်ပွင့်တွေဖြစ်ကြတဲ့ Lucy Mecklenburgh နဲ့ Chloe Madeley တို့ နဲ့အတူ ခန္ဓာကိုယ် အလှ ကို ဖော်ပြထားတဲ့ ဓါတ်ပုံတွေအရိုက်ခံခဲ့တာဖြစ်ပါတယ်။

နာမည်ကျော် အဆိုတော် John Legend ရဲ့ ဇနီးဖြစ်သူ Chrissy ဟာ မဂ္ဂဇင်းထဲမှာ ဖော်ပြမယ့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောပြခဲ့တာကတော့ သူမဟာ အစားအသောက် နဲ့ ပတ်သက်ရင် သဘောကျတတ်သူတစ်ယောက်ဖြစ်ပြီး ၂၀၁၆ မှာလည်း ဟင်းချက်နည်း စာအုပ်တစ်အုပ်ကို ထုတ်လုပ်သွားဖို့ရှိပါတယ်တဲ့။

"ကျွန်မာ ကိုယ့်ကိုကိုယ် အမြဲတမ်းစောင့်ကြည့်နေခဲ့တယ်။ကျွန်မတို့မိသားစုဟာ သဘာဝအတိုင်းပိန်နေတာမဟုတ်ပါဘူး။ကျွန်မတို့ ကိုယ်အလေးချိန်တိုးအောင်မြန်မြန်လုပ်နိုင်ပါတယ်။ " လို့ အသက် ၂၉ နှစ်အရွယ် မော်ဒယ်လ်မလေးက ဆိုပြန်ပါတယ်။

သူမဟာ အားကစားခန်းမမှာ သွားရောက်ပြီး ကိုယ်အလေးချိန်ထိန်းညှိဖို့ လေ့ကျင့်ခန်းတွေလုပ်တတ်တဲ့သူတစ်ယောက်မဟုတ်ပဲ သူမဟာ စားချင်တာစား ၊ သောက်ချင်တာသောက်ပြီး စိတ်ထဲမှာ ရှိတဲ့အတိုင်းပဲ နေတတ်သူတစ်ယောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူမဟာ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုတော့ သူမအနေနဲ့ John Legend နဲ့အတူ ကလေးတွေ ရယူနိုင်ဖို့ ဆန္ဒရှိပြီး မကြာခင်မှာ အကောင်အထည်ဖော်သွားမယ်လို့ ပြန်လည် ဖြေဆိုပေးခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse