Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဒီဇင်ဘာလအတွင်း “xXx” အခန်းဆက်ရုပ်ရှင် ရိုက်ကူးမယ်လို့အတည်ပြုခဲ့တဲ့ Vin Diesel

ဒီဇင်ဘာလအတွင်း “xXx” အခန်းဆက်ရုပ်ရှင် ရိုက်ကူးမယ်လို့အတည်ပြုခဲ့တဲ့ Vin Diesel

| No comment



မင်းသား Vin Diesel က Instagram မှာ တတိယမြောက် xXx ရုပ်ရှင်မှာ သူ့ရဲ့ဇာတ်ကောင်ဖြစ်သူ Xander Cage အဖြစ် ပြန်လည်သရုပ်ဆောင်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

တနင်္ဂနွေနေ့က Diesel တစ်ယောက် ၀တ်စုံပြည့်ဝတ်ဆင်ပြီး ထိုင်နေတဲ့ ငယ်ငယ်ကဓါတ်ပုံနဲ့အတူ ဒီနှစ်မှာ ပြန်လည်ရိုက်ကူးမယ့် အခန်းဆက်ရုပ်ရှင်ထပ်မံရိုက်ကူးချိန် ဘယ်လောက်ကွာသွားသလဲဆိုတာကို အသားပေးဖော်ပြထားပါခဲ့တာ ဖြစ်ပါတယ်။

" ကျွန်တော် ဒီကားရိုက်ကူးတုန်းက ရိုက်ကူးရေးအဖွဲ့ကသူတွေက ကျွန်တော့်ကို Air Diesel လို့ခေါ်ခဲ့ကြတယ်…ခုတော့ ဒီလိုအချိန်တွေ ပြန်ရောက်လာပါပြီး။ ရုပ်ရှင်ကို ဒီဇင်ဘာလထဲ ဖိလိစ်ပိုင်မှာ သွားရောက်ရိုက်ကူးမှာပါ” လို့ မင်းသားက Instagram မှာ ရေးသားထားခဲ့တာပါ။

၂၀၀၂ ခုနှစ်ကစတင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်မှာ Diesel က ကျန်းမာကြံ့ခိုင်တဲ့ အားကစားသမားတစ်ဦးအဖြစ်ကနေ အစိုးရအေးဂျင့်တစ်ဦးဖြစ်လာသူအဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး Samuel L.Jackson လည်း သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ xXx: State of Union ဇာတ်ကားမှာ Diesel က နှုတ်ထွက်ခဲ့ပြီး Ice Cube နဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။

လတ်တလော အောင်မြင်မှုရရှိနေတဲ့ ဇာတ်ကား Fast & Furious နဲ့အတူ မင်းသားကို ခုလိုဆက်လက်ရိုက်ကူးမှု မရှိခဲ့တဲ့ ပရောဂျက်တွေနဲ့ ပြန်လည်တွေ့ရှိရတော့မှာ ဖြစ်ပါတယ်။

Vin Diesel ကို အောက်တိုဘာ ၂၃ မှာ စတင်ပြသမယ့် “ The Last Witch Hunter” ဇာတ်ကားမှာလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi