Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , မက်ဆေ့ဂ်ျ ကနေတစ်ဆင့် လမ်းခွဲခဲ့ကြတဲ့ Zayn Malik နဲ့ Perrie Edwards

မက်ဆေ့ဂ်ျ ကနေတစ်ဆင့် လမ်းခွဲခဲ့ကြတဲ့ Zayn Malik နဲ့ Perrie Edwards

| No comment



ဆယ်ကျော်သက်တို့ရဲ့ အသည်းစွဲ One Direction အဖွဲ့ဝင်ဟောင်း Zayn Malik ဟာ Little Mix ကြယ်ပွင့် Perrie Edwards နဲ့ မက်ဆေ့ဂ်ျပေးပို့ခြင်းကနေ တစ်ဆင့် လမ်းခွဲလိုက်ကြတယ်လို့သိရပါတယ်. သူတို့ ၂ ယောက် ဟာ အခုချိန်ထိ စကားပြောဆိုခြင်းလည်း မရှိသေးပါဘူး။

One Direction အဖွဲ့ဝင်ဟောင်း ကြယ်ပွင့် Zayn ဟာ အသည်းကွဲ အဆိုတော်မလေး Perrie နဲ့ စေ့စပ်ထားမှုကိုလည်း လွန်ခဲ့တဲ့ ၂ ပတ် ကျော်ကျော် လောက်က မက်ဆေ့ဂ်ျ တစ်စောင်တည်းနဲ့ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ဒီ လမ်းခွဲမှုဟာ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကပဲ ၂ ယောက်သား ချစ်ရည်လူးနေကြတဲ့ ဓါတ်ပုံတွေကို တင်ထားခဲ့မိတဲ့ Perrie အတွက်တော့ ၀မ်းနည်းစရာပါ။ သူတင်ခဲ့တဲ့ ပုံတွေထဲက ဓါတ်ပုံ ၁ ပုံမှာ ဆိုရင် Zayn ရဲ့ ရင်ခွင်ထဲကို Perrie က တိုးဝင်နေတဲ့ ဓါတ်ပုံဖြစ်ပြီး သူမက "ငါ့ရည်းစားကိုချစ်တယ်" လို့ ရေးသားထားပါသေးတယ်။

"ဒါပေမယ့်သူက သူတို့ရဲ့ စေ့စပ်ထားမှုကိုလည်း မက်ဆေ့ဂ်ျတစ်စောင်တည်းနဲ့ ဖျက်သိမ်းလိုက်တယ်။ ပြီးတဲ့နောက် ၂ ပတ်အတွင်းမှာလည်း ဘာအဆက်အသွယ် မှ မလုပ်ခဲ့ဘူး။ သူတို့ကြားမှာ တိတ်ဆိတ်မှုတွေပဲ ရှိနေတယ်လို့" သူတို့ စုံတွဲ နဲ့ ရင်းနှီးသူတစ်ဦးက The Sun သတင်းဌာနကို ပြောပြခဲ့ပါတယ်။

သူတို့ စုံတွဲဟာ ၂၀၁၂ ခုနှစ်မှာ စတင်တွဲလာခဲ့ကြပြီး ဒီနှစ်အစောပိုင်းကပဲ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရတော့ မကြာသေးမီကမှ သူတို့ ၂ ယောက် စပ်တူ ၀ယ်ယူထားတဲ့ စတာလင်ပေါင်၃ မီလီယံ ပေါင် တန်ဖိုးရှိတဲ့ လော့အိန်ဂျလိစ်က နေအိမ် တစ်လုံးကို ဘယ်လို ခွဲဝေ ကြမယ်ဆိုတာတော့ မသိသေးပါဘူး။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror