Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , “Absolutely Fabulous” ရုပ်ရှင်မှာ Victoria Beckham ပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်

“Absolutely Fabulous” ရုပ်ရှင်မှာ Victoria Beckham ပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်

| No comment




အင်္ဂလန်မှ ဖက်ရှင်ဒီဇိုင်းနာ Victoria Beckham က ထွက်ရှိလာမယ့် Absolutely Fabulous ရုပ်ရှင်မှာ Kate Moss, Naomi Campbell စတဲံ နာမည်ကျော်မော်ဒယ်လ်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်မှာဖြစ်ကြောင်း မီဒီယာတွေမှာ ဖော်ပြဖို့ ငြင်းဆန်ခဲ့ပါတယ်။

အောက်တိုဘာမှာ စတင်ရိုက်ကူးမယ့် စွန့်စားခန်းရုပ်ရှင်မှ Jennifer Saunders နဲ့ Joanna Lumley တို့က Edin နဲ့ Patsy တို့အဖြစ် အသီးသီး သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

“ဒီလိုဖြစ်လာဖို့ အချိန်တော်တော်ယူခဲ့ရပါတယ်။ ဒါပေမယ့် ခုတော့ စတင်ရိုက်ကူးဖို့ အားလုံးအသင့်ဖြစ်နေပါပြီ” လို့ ရုပ်ရှင်ရိုက်ကူးရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိတစ်ဦးက The Sun သတင်းဌာနကို ပြောကြားထားပါတယ်။

“ရိုက်ကူးရေးနေရာတွေအတွက် လန်ဒန်နဲ့ ပြင်သစ်တောင်ပိုင်းတို့မှာ စီစဉ်ထားပါတယ်။ Jennifer ကတော့ အားလုံးကို  လျှိ့ဝှက်ထားဖို့ စိတ်အားထက်သန်နေပေမယ့် ရိုက်ကူးရေးက စနစ်တကျနဲ့ အောင်မြင်မှာ သေချာပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

Victoria Beckham ရဲ့တာဝန်ခံဖြစ်သူတစ်ဦးကတော့ ရုပ်ရှင်မှာ သူပါဝင်ရိုက်ကူးခြင်းနဲ့ ပတ်သက်ပြီး “ ဒါကိစ္စက အမှန်မဟုတ်ပါဘူး” လို့ The Mirror ကို ဖြေကြားခဲ့ပါတယ်။
သူဟာ ၁၉၉၀ခုနှစ်က Posh Spice အမည်နဲ့ အမျိုးသမီး အဆိုတော်အဖွဲ့ Spice Girl မှာ ပါဝင်ဖျော်ဖြေခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi