Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နယ်လှည့်ဖျော်ဖြေမှုတွေ ပြန်လုပ်တော့မယ် ဆိုတဲ့ Ariana Grande

နယ်လှည့်ဖျော်ဖြေမှုတွေ ပြန်လုပ်တော့မယ် ဆိုတဲ့ Ariana Grande

| No comment



ကျန်းမာရေးအခြေအနေကြောင့် ရှိုးပွဲဖျော်ဖြေတင်ဆက်မှုတွေ ရပ်နားခဲ့ရပြီးနောက် သူဟာခုဆိုရင် ပြန်လည်သက်သာလာပြီး ဖျော်ဖြေရေးတွေအတွက် အဆင်သင့်ဖြစ်နေပါပြီလို့ Ariana Grande က Twitter မှာ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က Sacramento မှာ ဖျော်ဖြေတင်ဆက်ရမယ့် Grande က နေမကောင်းဖြစ်တဲ့အတွက် အစီအစဉ်ဖျက်သိမ်းလိုက်ရလို့ ပရိတ်သတ်တွေ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။

Twitter ကနေ ပရိတ်သတ်တွေအတွက် သတင်းကောင်းပြောပြနေချိန်မှာ ဆရာဝန်တွေက ခုလို မြန်မြန်ဆန်ဆန်နေကောင်းလာတဲ့အတွက် အံ့သြနေကြကြောင်းကိုလည်း Grande က ပြောထားပါသေးတယ်။

“တစ်ပတ်နီးပါး ချောင်းတွေဆိုနေခဲ့ပြီး လပိုင်းလောက် သီဆိုဖျော်ဖြေမှုတွေ ရပ်ဆိုင်းရမယ်ထင်နေတဲ့ ကျွန်မရဲ့ဆရာဝန်က အသံပိုင်းဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ်ပီး ကျွန်မကို “ ကျည်ဆန်တောင်ခံနိုင်ရည်ရှိမယ့် မိန်းကလေး”လို့ ခေါ်ပါတယ် “ ဆိုပြီးလည်း Twitter အဖြစ်ရေးသားထားပါတယ်။

ပေါ့စတားဟာ သူရဲ့ ပထမဆုံး ရေမွှေးတံဆိပ်ဖြစ်တဲ့ “ ARI by Ariana Grande” ကို သြဂုတ်လတုန်းက ကြေညာခဲ့ပြီး စက်တင်ဘာလထဲမှာ စတင်မိတ်ဆက်ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi