Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၂ နှစ်တာ အိမ်ထောင်ရေးကို အဆုံးသတ်တော့မယ့် Avril Lavinge

၂ နှစ်တာ အိမ်ထောင်ရေးကို အဆုံးသတ်တော့မယ့် Avril Lavinge

| No comment



ကနေဒီယန်-ပြင်သစ် ပန့်ခ် အဆိုတော် မလေး Avril Lavinge ဟာ သူမရဲ့ ချစ်သူ Chad Kroeger နဲ့ ၂ နှစ်တာ အိမ်ထောင်ရေးကို အဆုံးသတ်တော့မယ်လို့ ဒီနေ့ပဲ အတည်ပြု ပြောကြားလိုက်ပါတယ်။

ပန့်ခ် မလေး Avril Lavinge ဟာ ဒီ စိတ်မကောင်းစရာသတင်းကို သူမတို့ ၂ ယောက်ရဲ့ ချစ်ဖို့ကောင်းလှတဲ့ စုံပွဲ ဓါတ်ပုံတစ်ပုံ နဲ့ အတူ သူမတို့ရဲ့ ကွာရှင်းပြတ်စဲ မှုအကြောင်းရေးသားထားတဲ့ အချက်အလက် အကျဉ်းချုပ်နဲ့အတူ Instagram မှာ တင်ထားခဲ့ပါတယ်။

"အချစ်များစွာနဲ့ အတူ ကျွန်မနဲ့ Chad တို့ရဲ့ ကွာရှင်းမှုကို ဒီနေ့ပဲ ကြေညာပါတယ်။ အိမ်ထောင်ရေးမှာ တင်မဟုတ်ပါဘူး။ ဂီတ မှာပါ ကျွန်မတို့ ၂ ယောက်ဟာ မမေ့နိုင်တဲ့ အခိုက်အတန့်တွေကို ဖန်တီးခဲ့ကြပါတယ်။ ကျွန်မတို့ ဟာ အခုရော အမြဲတမ်းအတွက်ပါ အကောင်းဆုံး သူငယ်ချင်းတွေဖြစ်ကြပြီး တစ်ယောက်နဲ့ တစ်ယောက် နက်နက်နဲနဲ ဂရုစိုက်သွားဦးမှာပါ။ ကျွန်မတို့ မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေ နဲ့ ပရိတ်သတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။" လို့ ကနေဒီယန် နာမည်ကြီး အနုပညာရှင် Avril Lavinge က ရေးသားထားပါတယ်။

အသက် ၃၀ အရွယ် ရှိနေပြီဖြစ်တဲ့ Avril ဟာ အသက် ၄၀ အရွယ် ရှိနေပြီဖြစ်တဲ့ Nickelback တီးဝိုင်း ရဲ့ အဆိုတော် Chad နဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ လက်ထပ် ခဲ့ကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်တုန်းကလည်း သူမတို့ ဇနီးမောင်နှံဟာ ကွာရှင်းပြတ်စဲတော့မယ်ဆိုတဲ့ ကောလာဟလ တွေထွက်ပေါ်လာခဲ့ဖူးပါတယ်။

Avril Lavinge ရဲ့ ကွာရှင်းပြတ်စဲမှု ကြေညာချက်ဟာ သူမရဲ့ Lyme ရောဂါ ဖြစ်နေတဲ့အကြောင်း အသိပေးပြီး လပိုင်းအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သူမ ယုံကြည်ခဲ့တာကတော့ ၂၀၁၄ ခုနှစ်မှာ သူမဟာ ခွေးသန်းတစ်ကောင် ကိုက်တာခံခဲ့ရပြီးတဲ့နောက် ကူးစက်ခံခဲ့ရတာဖြစ်ပြီး သူမဟာ ကနေဒါနိုင်ငံ ၊ Ontario မြို့က နေအိမ်မှာ ၅ လ လောက် အိပ်ယာ ထဲ လဲနေခဲ့ရဖူးပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်တုန်းကတော့ MTV ဂီတဗီဒီယို ဆုပေးပွဲမှာတော့ Avril Lavinge ဟာ Taylor Swift နဲ့အတူ တွဲဖက် သီဆို ဖျော်ဖြေခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror