Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဆီးရီးယားက ကလေးတစ်ယောက်ကို ထပ်မံမွေးစားလိုက်တဲ့ ဂျိုလီတို့ ဇနီးမောင်နှံ

ဆီးရီးယားက ကလေးတစ်ယောက်ကို ထပ်မံမွေးစားလိုက်တဲ့ ဂျိုလီတို့ ဇနီးမောင်နှံ

| No comment



ဟောလီးဝုဒ် ထိပ်တန်း သရုပ်ဆောင်တွေဖြစ်ကြတဲ့ Angelina Jolie နဲ့ Brad Pitt တို့ဟာ ဆီးရီးယား နိုင်ငံက မိဘမဲ့ကလေး တစ်ယောက်ကို မွေးစားလိုက်တယ်လို့ သတင်းဖော်ပြချက်တွေအရသိရပါတယ်။

ထိုကလေးငယ်ဟာ ညီအစ်ကို ၃ ယောက်ထဲက ၁ ယောက်ဖြစ်ပြီး ထို ညီအစ်ကို ၃ ယောက်ကိုတော့ Angelina Jolie ရဲ့ ဆီးရီးယား နိုင်ငံ သို့သွားရောက်ခဲ့တဲ့ စစ်ဆင်ရေးမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

ဟောလီးဝုဒ် ကြယ်ပွင့် တစ်ယောက်ဖြစ်သလို ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ အထူးကိုယ်စားလှယ် လည်းဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် Angelina Jolie ဟာ အမှန်တစ်ကယ်တော့ ထို ညီအစ်ကို ၃ ယောက်လုံးကို မွေးစားချင်ခဲ့တာဖြစ်ပြီး Brad Pitt ကတော့ နောက်ထပ် ကလေးပေါင်းမြောက်များစွာ မွေးစားလိုက်ခြင်း ဟာ လက်ရှိမွေးစားထားတဲ့ ကလေး ၆ ယောက်ကိုပါ ထိခိုက်သွားနိုင်တဲ့အတွက် ၁ ယောက်ပဲ မွေးစားဖို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ထို ကလေး ၃ ယောက်ရဲ့ ဖခင် ဟာ ဆီးရီးယား စစ်သား တွေရဲ့ ခေါ်ဆောင်သွားခြင်းကိုခံခဲ့ရပြီး သူတို့ရဲ့ အိမ်ဟာ ဗုံးဒဏ်ကြောင့် ပျက်စီးသွားရသလို သူတို့ရဲ့ မိခင်ဟာလည်း ဗုံးထိပြီး သေဆုံးသွားခဲ့ရတယ်လို့သိရပါတယ်။

လက်ရှိ By The Sea ဆိုတဲ့ ရုပ်ရှင်ထဲမှာ အတူတကွ သရုပ်ဆောင်ထားကြတဲ့ Angelina Jolie နဲ့ Brad Pitt တို့ဟာ အသက် ၁၄ နှစ်အရွယ် Maddox ၊ အသက် ၁၁ နှစ်အရွယ် Pax ၊ အသက် ၁၀ နှစ်အရွယ် Zahara ၊ အသက် ၉ နှစ်အရွယ် Shiloh ၊ အသက် ၇ နှစ်အရွယ် Max နဲ့ Vivienne ဆိုတဲ့ အမြွှာ ၂ ယောက်တို့ကိုလည်း မွေးစားထားပြီး ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror