Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , ၂၀၁၅ ခုနှစ် မှာ လမ်းခွဲ ၊ ပြတ်စဲ ခဲ့ကြတဲ့ ကျော်ကြားသူ စုံတွဲများ

၂၀၁၅ ခုနှစ် မှာ လမ်းခွဲ ၊ ပြတ်စဲ ခဲ့ကြတဲ့ ကျော်ကြားသူ စုံတွဲများ

| No comment



၂၀၁၅ဟာ ကျော်ကြားသူတို့အတွက် လမ်းခွဲနှစ်လို့တောင် မီဒီယာတွေက တင်စားနေကြပါပြီ။

Hoollywood ရဲ့ နာမည်ကြီး စုံတွဲတွေဖြစ်ကြတဲ့ Ben Affleck နဲ့ Jennifer Garner တို့ဟာ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းကပဲ ကွာရှင်းခဲ့ကြသလို  နာမည်ကြီး ကန်းထရီး အဆိုတော်စုံတွဲဖြစ်တဲ့ Blake Shelton နဲ့ Miranda Lambert တို့ဟာလည်း မရှေးမနှောင်းဆိုသလိုပဲ ကွာရှင်းခဲ့ကြပါတယ်။

နောက်ပြီးတော့ နာမည်ကြီး ညှို့အားပြင်းမော်ဒယ်လ် Megan Fox နဲ့ သရုပ်ဆောင် Brian Austin Green တို့ရဲ့ ဇာတ်လမ်းကလည်း အားကျမခံ ပေါ်ထွက်လာပြန်ပါပြီ။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရလည်း Hoollywood မင်းသားကြီး Jon Hamm နဲ့  မင်းသမီးကြီး Jennifer Westfeldt  တို့ဟာလည်း ၁၈ နှစ်ကြာလက်တွဲပြီးနောက်မှာ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်ကပဲ ထွက်ပေါ်လာတဲ့ သတင်းတစ်ခုကတော့ ကနေဒီယန်း ပန့်ခ် အဆိုတော်မလေး Avril Lavinge ဟာ သူမနဲ့ ၂ နှစ်ကြာ လက်တွဲခဲ့တဲ့ ခင်ပွန်းဖြစ်သူ Nickelback တီးဝိုင်းရဲ့ ရှေ့ထွက် အဆိုတော် Chad Kroeger နဲ့ ကွာရှင်း ပြတ်စဲတော့မယ် လို့ ကြေညာခဲ့ပါသေးတယ်။ One Direction အဖွဲ့ဝင်ဟောင်း Zayn Malik ဟာလည်း သြဂုတ်လ ၄ ရက်နေ့ကပဲ သူနဲ့ Perrie Edward တို့ရဲ့ စေ့စပ်ထားမှု ကို ဖျက်သိမ်းခဲ့ပါသေးတယ်။

အဲ့ဒါကြောင့် ၂၀၁၅ ဟာ  ကျော်ကြားသူတို့ရဲ့လမ်းခွဲနှစ် အဖြစ် မှတ်တမ်းဝင် ခဲ့ရပါတယ်။

( Paing AK )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Huffington Post