Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဒုတိယ ကမ္ဘာစစ်လက်ကျန် နာဇီ ဆိုင်ကယ်တစ်စီးကို စတာလင်ပေါင် ၂ သိန်းခွဲ နဲ့ ၀ယ်ယူခဲ့တဲ့ Brad Pitt

ဒုတိယ ကမ္ဘာစစ်လက်ကျန် နာဇီ ဆိုင်ကယ်တစ်စီးကို စတာလင်ပေါင် ၂ သိန်းခွဲ နဲ့ ၀ယ်ယူခဲ့တဲ့ Brad Pitt

| No comment



ကမ္ဘာကျော် စစ်ပွဲ အခြေခံ ရုပ်ရှင် ဇာတ်လမ်း တွေဖြစ်တဲ့ Fury နဲ့ Inglourious Basterds ဇာတ်လမ်းတွေရဲ့ သရုပ်ဆောင် မင်းသား Brad Pitt ဟာ ဒုတိယ ကမ္ဘာစစ် နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု ပြင်းထန်သူတစ်ယောက် ဖြစ်တဲ့အလျောက် အခုလည်း နာဇီ စစ်တပ် မှာ အသုံးပြုခဲ့တဲ့ မော်တော် ဆိုင်ကယ် တစ်စီးကို ၀ယ်ယူလိုက်ပြန်ပါပြီ။

Brad Pitt ဟာ သူ့ရဲ့ ဆိုင်ကယ် စုစည်းမှု ထဲကို စတာလင်ပေါင် ၂ သိန်းခွဲ တန် ရှားပါး ဒုတိယ ကမ္ဘာစစ် လက်ကျန် မော်တော် ဆိုင်ကယ်တစ်စီး ကို ထပ်မံ ထည့်သွင်းလိုက်ပြန်ပါပြီ။

အသက် ၅၁ နှစ်ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင် မင်းသား Brad Pitt ၀ယ်ယူခဲ့တဲ့ ဆိုင်ကယ်ဟာ ၁၉၄၂ ခုနှစ်ထုတ် ဂျာမန် နာဇီ စစ်တပ်ပိုင် ၃ ဘီး ဆိုင်ကယ် ဖြစ်ပြီး ထိုဆိုင်ကယ် ကို တောင်တွေပေါ်ဖြတ်သန်းမောင်းနှင်လာပြီး ၁၉၄၅ ခုနှစ်မှာ နာဇီ စစ်တပ်ဟာ ထို ဆိုင်ကယ်ကို ဂရိ နိုင်ငံ Crete မြို့မှာ ချန်ထားခဲ့တာဖြစ်ပါတယ်။

ထိုဆိုင်ကယ်ကို ဆိုင်ကယ် စုဆောင်းသူ တစ်ယောက်ဖြစ်တဲ့ Yannis က လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်ကတည်းက လေလံစနစ် နဲ့ ၀ယ်ယူထားတာဖြစ်ပြီး အခုတော့ Brad Pitt ကို ပြန်လည် ရောင်းချခဲ့တာဖြစ်ပါတယ်။

" ဒီလို ဆိုင်ကယ်မျိုးတွေဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အစီး ၅၀၀ လောက်ပဲ ကျန်တော့တာပါ။ ချမ်းသာတဲ့ လူတွေအတွက်တော့ သူတို့ရဲ့ ပိုက်ဆံ တွေကို ရင်းနှီးမြှုပ်နှံကြပြီး သူတို့ရဲ့ ၀ါသနာ ကို ခံစားကြပါတယ်။ အားလုံးသာ နဂို အတိုင်းပဲ ဖြစ်လာဖို့ အစိတ်အပိုင်းတွေဟာ ဈေးကြီးလှပါတယ်။ ဒီဆိုင်ကယ်မှာလည်း သတ္တု အစိတ်အပိုင်းလေးတစ်ခုကို မူလ အတိုင်းပြန် အစားထိုးဖို့ စတာလင်ပေါင် ၁၅၀၀ ကျသင့်ခဲ့ပါတယ်။" လို့ Yannis က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror