Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အသက်မပြည့်သေးလို့ ပါတီပွဲထဲ ၀င်ခွင့်မရခဲ့တဲ့ Brooklyn Beckham ဒေါသထွက်

အသက်မပြည့်သေးလို့ ပါတီပွဲထဲ ၀င်ခွင့်မရခဲ့တဲ့ Brooklyn Beckham ဒေါသထွက်

| No comment



ကမ္ဘာကျော် ဘောလုံးသမားဟောင်း David Beckham နဲ့ ဒီဇိုင်နာ Victoria Beckham တို့ရဲ့ သားဟာ အရာရာကို လွယ်လွယ်ကူကူ မရနိုင်ပါဘူး။

လန်ဒန် ဖက်ရှင် ရက်သတ္တပတ် ကို ရောက်ရှိနေတဲ့ Brooklyn Beckham ဟာ လန်ဒန်မြို့ Mayfair မြို့နယ်မှာ ကျင်းပခဲ့တဲ့ Wonderland ရဲ့ ၁၀ နှစ်ပြည့်အ ထိမ်း အမှတ်ပါတီပွဲကို သွားရောက်ခဲ့တဲ့အခါမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့အတွက် ၀င်ရောက်ခွင့် မရခဲ့ပါဘူး။

အသက် ၁၆ နှစ်သာ ရှိသေးတဲ့ Brooklyn Beckham ဟာ လန်ဒန်ဖက်ရှင် ရက်သတ္တပတ်ကို ဆင်နွှဲနေတဲ့အချိန်မှာပဲ Mayfair မြို့နယ်မှာရှိတဲ့ Drama ဆိုတဲ့ နိုက်ကလပ်မှာ Radio 1 ဒီဂျေ တစ်ယောက်ဖြစ်တဲ့ Nick Grimshaw နဲ့အတူ ပါတီပွဲ ဆင်နွှဲဖို့သွားရောက်ခဲ့ပေမယ့် သူ့ကိုဝင်ခွင့်မပေးခဲ့တာကြောင့် မျက်နှာ နီရဲ ပြီး ပြန်လည် ထွက်ခွာလာခဲ့ရပါတယ်။

Brooklyn Beckham ဟာ ဒေါသတွေလည်း ထွက်နေခဲ့တာကို တွေ့ရပါတယ်။

Brookyln Beckham အတွက် ပိုမို ဒေါသဖြစ်သွားစေခဲ့တာကတော့ သူ့လိုပဲ အသက် ၁၆ နှစ်သာရှိသေးတဲ့ အဆိုတော်မလေး Talia Storm ဟာ ကလပ်အတွင်းသို့ ၀င်ရောက်ခွင့်ရခဲ့တဲ့အပြင် Little Mix အဖွဲ့က ကောင်မလေးတွေနဲ့အတူ VIP ဧရိယာ မှာ ပါတီပွဲဆင်နွှဲနေလို့ပါပဲ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror