Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Bruce Jenner ရဲ့ အ၀တ်အစားဟောင်းတွေကြည့်ပြီး Kris Jenner ငို

Bruce Jenner ရဲ့ အ၀တ်အစားဟောင်းတွေကြည့်ပြီး Kris Jenner ငို

| No comment



Keeping Up With The Kardashians အစီအစဉ်ရဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Kris Jenner ဟာ တနင်္ဂနွေ နေ့ညက Keeping Up With The Kardashians အစီအစဉ်မှာ ဖြစ်ရပ်မှန်တွေကို ရင်မဆိုင်နိုင်ဖြစ်ခဲ့ရပါတယ်။ ထို အစီအစဉ်မှာတော့ သူမဟာ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ Bruce Jenner တစ်ယောက် တရားဝင် လိင်ပြောင်းလဲပြီး Caitlyn Jenner ဖြစ်လာမခင်က ၀တ်ဆင်ခဲ့တဲ့ အ၀တ်အစားတွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ညက ထုတ်လွှင့်ပြသခဲ့တဲ့ Keeping Up With The Kardashians အစီအစဉ်မှာ Kris Jenner ရဲ့ သမီးဖြစ်သူ Kim Kardashian West ဟာ Caitlyn Jenner တစ်ယောက် လိင်မပြောင်းလဲခင် က ၀တ်ဆင်ခဲ့တဲ့ အ၀တ်အစားတွေကို လွှင့်ပစ်ထားတာကို တားဆီးနေပါတယ်။ ဒါကို Kris Jenner တွေ့တဲ့အခါမှာတော့ သူမဟာ မျက်ရည်တွေ ကျဆင်းခဲ့ရပါတယ်။

ဒါ့အပြင် သူမဟာ Kim Kardashian ကို ပြောပြခဲ့တာကတော့ ထို အ၀တ်အစားတွေဟာ Bruce ရဲ့ အနံ့ အသက်တို့ ရရှိနေကြောင်းနဲ့ သူမရဲ့ ခင်ပွန်းဟောင်းဟာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

ထို အစီအစဉ်မှာတော့ Bruce ရဲ့ အ၀တ်အစားတွေကို ကြည့်နေရခြင်းက Kris အတွက် အနာကျင်ရဆုံး အခိုက်အတန့်တွေ ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။

Caitlyn Jenner ကတော့ သူမ အနေနဲ့ အမျိုးသား ဘ၀ ကနေ အမျိုးသမီး ဘ၀ ကို လိင်ပြောင်းလဲလိုက်ရတာကို ပျော်ရွှင်နေခဲ့ပြီး Kris Jenner အတွက်တော့ Caitlyn Jenner ဖြစ်မလာခင် Bruce Jenner ရဲ့ ဆုံးဖြတ်ချက်တွေဟာ ရင်ဆိုင်ဖို့ ခက်ခဲစေခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse