Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Chris Brown ကို ပရိတ်သတ် တစ်ယောက် တရားစွဲဆို

Chris Brown ကို ပရိတ်သတ် တစ်ယောက် တရားစွဲဆို

| No comment



ကမ္ဘာကျော် R&B အဆိုတော် Chris Brown ဟာ ပရိတ်သတ် တစ်ယောက် ရဲ့ တရားစွဲဆိုခြင်းကို ခံထားရတယ်လို့ သိရပါတယ်။

တရားစွဲခံရတဲ့ အကြောင်းအရင်းကတော့ ထို တရားလိုဟာ Chris Brown ရဲ့ အမှားကြောင့် ဇန်န၀ါရီလ တုန်းက ဖျော်ဖြေပွဲ တစ်ခုမှာ သေနတ် ပစ်ခတ်ခံရ ခဲ့တယ်လို့ တရားလိုက အခိုင်အမာ ဆိုထားကြောင်း TMZ သတင်းဌာန ရဲ့ ဖော်ပြချင်အရ သိရပါတယ်။

Paul Briley ဆိုသူ ပရိတ်သတ် ဟာ ဒီနှစ်အစောပိုင်းက San Jose မှာ ကျင်းပခဲ့တဲ့ Chris Brown ရဲ့ ဖျော်ဖြေပွဲ မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့ တရားစွဲဆိုမှုမှာလည်း ဖျော်ဖြေပွဲရဲ့ လုံခြုံရေး စနစ် အားနည်းမှု ကြောင့် သူအခုလို ပစ်ခတ်ခံခဲ့ရပါတယ်လို့လည်း ထည့်သွင်း ပြောဆိုထားပါတယ်။

Paul ရဲ့ ပြောကြားချက်အရ သူ့ဆီ မှာ သေရာပါမယ့် ထိခိုက်နာကျင်မှု တစ်ခုကို ရရှိခဲ့ကြောင်းနဲ့ Chris ဟာ အရင် တုန်းက ဖျော်ဖြေပွဲတွေမှာလည်း ထိတ်လန့်တကြား ဖြစ်ရပ် တွေ များစွာ ကြုံခဲ့ဖူးတဲ့အတွက် သူ့အနေနဲ့ လုံခြုံရေး အနေအထား ကို ပိုပြီး ဂရုစိုက်သင့်တယ်လို့ လည်း ဆိုထားပါတယ်။ TMZ သတင်းဌာန ရဲ့ ဖော်ပြချက်အရ Paul ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ဖြစ်ရပ်မှာ Paul အပါအ၀င် လူ ၅ ယောင် ဒဏ်ရာ ရရှိခဲ့ပြီး ၄ ယောက်ကတော့ ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

Chris Brown ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကတော့ Mirror ကို ပြောပြခဲ့တာက " အကြမ်းဖက်မှု အရမ်းပျံ့နှံ့ လာတာက ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းရဲ့ ညံ့ဖျင်းတဲ့ တုံ့ပြန်မှုပါ။ ပြီးတော့ တစ်စုံတစ်ယောက် ထိခိုက်နာကျင်သွားရင်တော့ အမြဲတမ်း ကံဆိုးမိုးမှောင်ကျနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ တရားစွဲဆိုမှုဟာ လုံးဝ အလေးအနက်မရှိပါဘူး။ ဒီအမှုကို ပြီးဆုံးသွားဖို့ နဲ့ အနာဂါတ်မှာလည်း Chris Brown ကို ဦးတည် တဲ့ အဓိပ္ပာယ်မရှိတဲ့ တရားစွဲဆိုမှုတွေကို ရှောင်ရှားသွားမှာပါ။ " လို့ ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror