Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၾသစေၾတးလ် နိုင်ငံအတွင်း သို့ ပြည်ဝင်ခွင့်ပိတ်ပင်ခံထားရတဲ့ Chris Brown

သြစတြေးလျ နိုင်ငံအတွင်း သို့ ပြည်ဝင်ခွင့်ပိတ်ပင်ခံထားရတဲ့ Chris Brown

| No comment



ရက်ပ် အဆိုတော် Chris Brown ဟာဒီဇင်ဘာလ အတွင်း သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် ရှိုးပွဲအတွက် သြစတြေးလျ နိုင်ငံအတွင်း သို့ ၀င်ရောက်ခွင့် မရ ဖြစ်နေရှာတယ်လို့ သိရပါတယ်။

သြစတြေးလျနိုင်ငံအတွင်းကို ၀င်ခွင့်မရ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ Chris Brown ဟာ အရင်တုန်းက အကြမ်းဖက်ခဲ့မှု ရာဇ၀င်တွေ ရှိနေလို့ပါ။ Chris Brown ဟာ ၂၀၀၉ ခုနှစ် ဂရမ်မီဆုပေးပွဲမှာတုန်းက ရည်းစားဟောင်း Rihanna ကို ရိုက်နှက်ခဲ့မှု နဲ့ ပတ်သက်ပြီး ရက်ပေါင်း ၁၈၀ တိတိ လူ့အဖွဲ့အစည်းအတွက် ၀န်ဆောင်မှု ပေးဖို့နဲ့ ၅ နှစ် ပြုပြင်ကာလ အဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီး ထို အကြောင်းအရာတွေကြောင့် သြစတြေးလျ နိုင်ငံက ပြည်ဝင်ခွင့်မပေးခဲ့တာပဲ ဖြစ်ပါတယ်။

BBC သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ဒီလ အစောပိုင်းကပဲ သြစတြေးလျနိုင်ငံ အမျိုးသမီး ရေးရာ ၀န်ကြီးက Chris Brown ကို ပြည်ဝင်ခွင့် မပေးဖို့ တားမြစ်ထားရာကနေ လူဝင်မှုကြီးကြပ်ရေးဌာန ရဲ့ အရာရှိချုပ် Peter Dutton က Chris Brown ထံသို့ ဗီဇာနဲ့ ပတ်သက်ပြီး တားမြစ်ထားကြောင့် စာပို့ခဲ့တာပဲ ဖြစ်ပါတယ်။

Chris Brown ဟာ သြစတြေးလျနိုင်ငံတစ်ခုတည်းမဟုတ်ပဲ နယူးဇီလန် နိုင်ငံအတွင်း ကိုလည်း ၀င်ရောက်ခွင့် ပိတ်ပင်ခံထားရပါသေးတယ်။ သြစတြေးလျနိုင်ငံကတော့ Chris Brown ကို သက်ညှာတဲ့အနေနဲ့ နိုင်ငံအတွင်းသို့ဝင်ရောက်ရန် ဆီလျော် ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု ကို လေးပတ် အတွင်း ပြန်လည် တင်ပြဖို့ အခွင့်အရေးပေးထားတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း သြစတြေးလျနိုင်ငံဟာ ပြီးခဲ့တဲ့အပတ်ကပဲ ပြည်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေသစ် ထုတ်ပြန်ကြေညာထားပါသေးတယ်။

Chris Brown လိုပဲ သြစတြေးလျနိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့ အခြား နာမည်ကြီးပုဂ္ဂိုလ်ကတော့ လက်ဝှေ့ချန်ပီယံ Floyd Mayweather ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse