Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ပျံ့နှံ့သွားခဲ့တဲ့ ပြုပြင်ထားခြင်း မရှိသော ဓါတ်ပုံ အကြောင်း Cindy Crawford ဖွင့်ဟ

ပျံ့နှံ့သွားခဲ့တဲ့ ပြုပြင်ထားခြင်း မရှိသော ဓါတ်ပုံ အကြောင်း Cindy Crawford ဖွင့်ဟ

| No comment



ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသမီး Cindy Crawford ဟာ ကနေဒါ နိုင်ငံ ထုတ် ELLE မဂ္ဂဇင်းမှာ ဖြေကြားခဲ့တာကတော့ ဒီ နှစ်အစောပိုင်းမှာ ပေါက်ကြား ပျံ့နှံ့သွားခဲ့တဲ့ သူမရဲ့ ပြုပြင်ထားခြင်း မရှိတဲ့ ဓါတ်ပုံ အကြောင်းပဲ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က Marie Claire မဂ္ဂဇင်း ရဲ့ မက္ကဆီကို နဲ့ လက်တင် အမေရိက အတွက် အထူးထုတ် မှာ ဖော်ပြဖို့ ရိုက်ကူးခဲ့တဲ့ ဂန္တ၀င် မင်းသမီး ကြီး Cindy Crawford ရဲ့ retouch မပြုလုပ်ထားတဲ့ ဓါတ်ပုံ အကြမ်းဟာ ပျံ့နှံ့သွားခဲ့ပြီး ထို ဓါတ်ပုံထဲမှာတော့ Cindy Crawford ဟာ အရေးအကြောင်း တွေ ၊ ဗိုက်ခေါက် အဆီတွေနဲ့ အခြား အိုမင်းရင့်ရော်မှု လက္ခဏာ တွေ ပေါ်လွင်နေတာ တွေ့ရပါတယ်။

ထို ဓါတ်ပုံ နဲ့ ပတ်သက်ပြီး ဖြေရှင်းချက် မပေးခဲ့တဲ့ Crawford ဟာ ဒီ တစ်ကြိမ်မှာတော့ သူမရဲ့ အမြင်ကို ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။

"ဒီဓါတ်ပုံဟာ ခိုးယူခံလိုက်ရပြီး မုန်းတီးစရာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေတော့ အများကြီးတွေ့ရပါတယ်။ တစ်ခါတစ်လေမှာ မဂ္ဂဇင်းတွေထဲတွေ့ရတတ်တဲ့ အမျိုးသမီးတွေရဲ့ ဓါတ်ပုံဟာ သူတို့အတွက် အရည်အသွေးနိမ့်နေတာတွေ ရှိပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်ကတော့ သူတို့ကို အဲ့ဒီလို ခံစားစေချင်တာမဟုတ်ပါဘူး။ ကျွန်မကိုယ်ကျွန်မ အကောင်းဆုံး ဖြစ်လာဖို့တော့ ကျွန်မ မကြိုးစားပါဘူး။ ကျွန်မ ကြိုးကိုင်ခံခဲ့ရတယ်လို့ ခံစားရပြီး ကွဲလွဲတယ်လို့ ခံစားရပါတယ်။ ဒါကြောင့်ကျွန်မ ပါးစပ်ပိတ်နေခဲ့တာပါ" လို့ Cindy Crawford က ဆိုထားပါတယ်။

အသက် ၄၉ နှစ်အရွယ် မော်ဒယ်လ် ဇနီးသည် Crawford ရဲ့ ခင်ပွန်းဖြစ်သူ Rande Gerber ကတော့ သူမရဲ့ ရေကူးကန်ဘေးမှာ လဲလျောင်းနေတဲ့ အားလပ်ရက် ဓါတ်ပုံ တစ်ပုံကို ပြသခဲ့ပါသေးတယ်။

ပျံ့နှံ့သွားခဲ့တဲ့ Cindy Crawford ရဲ့ ဓါတ်ပုံ


( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse