Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , David Beckham က သရုပ်ဆောင်မှုအပေါ် ဝေဖန်မှုတွေအား ရင်ဆိုင်ရန်အသင့်ဟုဆို

David Beckham က သရုပ်ဆောင်မှုအပေါ် ဝေဖန်မှုတွေအား ရင်ဆိုင်ရန်အသင့်ဟုဆို

| No comment



နာမည်ကျော်အားကစားသမားဟောင်း David Beckham က သူ့ရဲ့တိုးတက်လာတဲ့ သရုပ်ဆောင်ပညာအရည်အချင်းတွေအတွက် ဝေဖန်မှုတွေကို ရင်ဆိုင်ရန်အသင့်ဟုဆိုပါတယ်။

သူဟာ အနုပညာနဲ့ဖျော်ဖြေရေးလောကကို သူ့ရဲ့ဒုတိယအလုပ်အကိုင်အဖြစ် စတင်လုပ်ကိုင်နေပြီး U.N.C.L.E မှ စီစဉ်တဲ့ ရုပ်ရှင်ဇာတ်ကားသစ် Man မှာ ပါဝင်ပြီး Sport Relief မှာလည်း စတင်လှုပ်ရှားနေပြီး ဖြစ်ပါတယ်။ Beckham က ဒီလောကမှာလည်း သူလုပ်ကိုင်နိုင်ပါတယ်လို့ The Time မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။ အသစ်ထွက်မယ့် ဂျိမ်းစ်ဘွန်း ဇာတ်လမ်းမှာလည်း ပါဝင် သရုပ်ဆောင်ဖွယ်ရှိနေတယ်လို့ ကောလာဟလ တွေ ထွက်ပေါ်နေပါသေးတယ်။

 “ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ ကစားဖော်ကစားဖက်တွေနဲ့ တခြားနာမည်ကျော်ပုဂ္ဂိုလ်တွေဟာ သရုပ်ဆောင်ဖက်ကို ဦးတည်ခဲ့ကြပေမယ့် အောင်မြင်မှုမရခဲ့တာတွေကို အရမ်းဂရုပြုမိပါတယ်။ ဒါဟာ ခက်ခဲတဲ့အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်ပြီး အရည်အချင်းနဲ့ စည်းမျဉ်းစည်းကမ်းတွေ အများကြီးလိုအပ်တာကို ကျွန်တော်သိပါတယ်။ ဘာမှလေ့လာသင်ယူမှုတွေမရှိ၊ လေ့ကျင့်မှုတွေမရှိဘဲ ရှေ့ကို ဇွတ်မတိုးချင်ပါဘူး” လို့ လူထူကို ထုတ်ဖော်ပြောပြထားပါသတဲ့။

“ ကျွန်တော် ခုချိန်ထိ လုပ်ခဲ့သမျှကို သဘောကျပါတယ်။ ဒီထက်ပိုပြီး ပိုလုပ်နိုင်သေးတယ်။ ကျွန်တော်က လူသိများပြီးသား လူတစ်ယောက်ဖြစ်နေတော့ ဝေဖန်မှုတွေနဲ့ အသားကျပြီးသားဖြစ်နေပါပြီ” လို့လည်း ဆိုပါတယ်။

ဇန်န၀ါရီလတုန်းက ဒီဇိုင်းနာ Georgio Armani က Beckham တစ်ယောက် Hollywood လောကကို ရောက်ရှိလာမှာကို ခန့်မှန်းခဲ့ပါတယ်။

ဘောလုံးကစားသမားဟောင်းဟာ Los Angeles Galaxy ဟာ Mecca ဖျော်ဖြေမှုများနဲ့ ပိုမိုနီးစပ်လာပြီလို့ ဆိုပါတယ်။

“သူက အရမ်းကြည့်ကောင်းတဲ့ သူတစ်ယောက်ပါ။ သူ့ရဲ့ဘောလုံးကစားသမားဘ၀ကနေ မကြာခင် ရပ်နားတော့မှာပါ" လို့ သူကဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi