Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Dior အမှတ်တံဆိပ် အလှကုန် ပစ္စည်းအတွက် ကြော်ငြာ ရိုက်ခဲ့တဲ့ Jennifer Lawrence

Dior အမှတ်တံဆိပ် အလှကုန် ပစ္စည်းအတွက် ကြော်ငြာ ရိုက်ခဲ့တဲ့ Jennifer Lawrence

| No comment



ဟောလီးဝုဒ် မင်းသမီးချော Jennifer Lawrence ဟာ The Hunger Games ဆိုတဲ့ ဇာတ်လမ်းထဲမှာ ယောင်္ကျားလျာ Katniss Everdeen အဖြစ် သရုပ်ဆောင်ပြီး လူသိများလာခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ Dior Addict ဆိုတဲ့ အလှကုန် ကြော်ငြာ တစ်ခုအတွက်တော့ ဆွဲဆောင်မှု ရှိတဲ့ ကောက်ကြောင်းအလှ တစ်ခြမ်းကို ဖော်ပြပြီး ရိုက်ကူးထားပါတယ်။

မကြာသေးခင်ကပဲ ကမ္ဘာကျော် တေးဂီတအဖွဲ့ Coldplay မှ အဆိုတော် Chris Martin နဲ့ လမ်းခွဲခဲ့တဲ့ Jennifer Lawrence ဟာ Dior ရဲ့ နှုတ်ခမ်းနီ နဲ့လည်း အရမ်းကို လှပနေတာ တွေ့ရပြီး ပန်းရောင် ၀တ်စုံ နဲ့အတူ သူမရဲ့ ခြေထောက် အလှ တွေကို လှစ်ဟ ပြသထားပါသေးတယ်။

အသက် ၂၄ နှစ်သာ ရှိသေးတဲ့ မင်းသမီး J.Lawrence ဟာ မာရလင် မွန်ရိုး လို ဆံပင် စတိုင်လ် မျိုး ပြုလုပ်ထားပြီး Dior Addict အမှတ်တံဆိပ် နှုတ်ခမ်းနီ ကို ကိုယ်တိုင် အသုံးပြုပြီး ဆွဲဆောင်မှု ရှိတဲ့ မိန်းမ တစ်ယောက်အသွင် မျိုးနဲ့ ဗီဒီယို ကြော်ငြာထဲမှာလည်း သရုပ်ဆောင်ထားပါသေးတယ်။

Jennifer Lawrence ဟာ အတိတ်မှာတုန်းကလည်း Dior အတွက် ကြော်ငြာတွေ ရိုက်ကူးခဲ့ဖူးပေမယ့် အ၀တ်အစား တွေနဲ့ အသုံးအဆောင် ပစ္စည်းတွေအတွက် မော်ဒယ်လ် လုပ်နေတာကို စွန့်လွှတ်ပြီး မိတ်ကပ် နဲ့ အလှကုန် ပစ္စည်း ကြော်ငြာလောက ထဲကို ပထမဆုံး အကြိမ် ခြေချလာတာ ပဲ ဖြစ်ပါတယ်။

မနှစ်ကလည်း သူမဟာ Dior အမှတ်တံဆိပ် နဲ့ ဒေါ်လာ ၁၅ သန်းတန်စာချုပ်တစ်ခုကို နောက်ထပ် ၃ နှစ်စာ အတွက် စာချုပ် သက်တမ်းတိုးခဲ့ပါသေးတယ်။ အမှန်တော့ J.Lawrence ဟာ Dior အမှတ်တံဆိပ် အ၀တ်အစားတွေအတွက် ကြော်ငြာ တွေ ရိုက်ကူးပေးခဲ့ဖူးသလို အနီရောင် ကော်ဇော ပေါ် လျှောက်လမ်းရတဲ့ ပွဲလမ်းသဘင် တွေမှာလည်း Dior ဒီဇိုင်း တွေကို ၀တ်ဆင်မှုအများဆုံး မင်းသမီး တစ်ယောက်ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီး ပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail