Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , လုံခြုံရေး ၃ ဆ တိုးမြှင့်ပေးဖို့ E! ကို တောင်းဆိုထားတဲ့ Kylie Jenner

လုံခြုံရေး ၃ ဆ တိုးမြှင့်ပေးဖို့ E! ကို တောင်းဆိုထားတဲ့ Kylie Jenner

| No comment



Keeping Up With The Kardashians ဆိုတဲ့ ဖြစ်ရပ်မှန် တီဗွီ ရှိုးရဲ့ ကြယ်ပွင့် Kylie Jenner ဟာ ပြီးခဲ့တဲ့ စနေ ၊ တနင်္ဂနွေ မှာ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှု ကို ရင်ဆိုင်ခဲ့ရအပြီးမှာပဲ သူမရဲ့ လုံခြုံရေးတပ်ဖွဲ့ကို တိုးမြှင့်ခဲ့ပါတယ်။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ Kylie ဟာ ကယ်လီဖိုးနီးယား ပြည်နယ် ၊ Anaheim မြို့ က အဆိုတော် Chris Brown ရဲ့ နေအိမ်က ပြန်အလာမှာ သူမရဲ့ ပရိတ်သတ်လို့ မထင်ရတဲ့ လူတစ်ယောက်ဟာ ရုတ်တရတ် ထွက်ပေါ်လာပြီး သူမ ကို ဆံပင်ကနေ ဆောင့်ဆွဲပါတော့တယ်။

TMZ သတင်းဌာန က တင်ဆက်တဲ့ ဗီဒီယို ထဲမှာတော့ Kylie ဟာ ထို တိုက်ခိုက်မှု ကို ရင်ဆိုင်ခဲ့ရအပြီးမှာ နာကျင်မှု ဝေဒနာ ကို တော်တော်လေး ခံစားလိုက်ရတဲ့ ပုံ ပေါက်နေပါတယ်။

သူမရဲ့ လုံခြုံရေး အဖွဲ့တွေကလည်း ထိုတိုက်ခိုက်မှု ကို ကာကွယ်ဖို့ မကြိုးစားခဲ့ပဲ Kylie ကိုသာ အလျင်အမြန် ခေါ်ထုတ်လာပြီး ဘေးကင်းရာကို ရွှေ့ပြောင်းပေးဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ထို တိုက်ခိုက်မှု ကြောင့်ပဲ Kylie ဟာ သူမရဲ့ လုံခြုံရေး အဖွဲ့ကို ၃ ဆ ပိုမို အားဖြည့်ထားလိုက်တာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

"Kylie ဟာ လာမယ့် ရက်အနည်းငယ်စာအတွက် သူ့အမ တွေရဲ့ ကိုယ်ရံတော်တွေ သူမအနားမှာ ထားပေးဖို့ ပြောထားပါတယ်။ သူမဟာ E! ကိုလည်း သူမနဲ့ Tyga တို့အတွက် လုံခြုံရေး ၀န်ထမ်းတွေပိုမိုခန့်ထားပေးဖို့ တောင်းဆိုထားပါတယ်။ သူမဟာ သူမအနားမှာ လုံခြုံရေး ကိုယ်ရံတော်အနည်းဆုံး ၁၀ ယောက်ခန့် လိုချင်နေပါတယ်" လို့ သတင်းအရင်းအမြစ် တစ်ဦးက Radar Online သတင်းဌာန ကို ပြောပြခဲ့ပါတယ်။

Kylie ရဲ့ မိသားစုတွေကတော့ အသက် ၁၈ နှစ်ပြည့်ပြီးကတည်းက မရပ်မနား လူသိများကျော်ကြေားအောင် တစ်ခုပြီးတစ်ခု လုပ်ပြနေတဲ့ သူမကိုသာ ဇာတ်မြှုပ်နေထိုင်ဖို့  ၀ိုင်းဝန်းတိုက်တွန်းခဲ့ကြတယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror