Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သီချင်းဗီဒီယို အသစ်ထဲမှာ အဖော်အချွတ် သရုပ်ဆောင်ထားတဲ့ Ellie Goulding

သီချင်းဗီဒီယို အသစ်ထဲမှာ အဖော်အချွတ် သရုပ်ဆောင်ထားတဲ့ Ellie Goulding

| No comment



Love Me Like You Do သီချင်းနဲ့ တစ်ဖြည်းဖြည်း လူသိများလာတဲ့ အဆိုတော်မလေး Ellie Goulding ဟာ အမျိုးသား ပရိတ်သတ်တို့ အသည်းစွဲအဆိုတော်မလေး Lana Del Rey နဲ့ အပြိုင်အဆိုင်ဖြစ်လာပါပြီ။

Ellie Goulding ဟာ သူမရဲ့ သီချင်းဗီဒီယို အသစ်ဖြစ်တဲ့ On My Mind ဆိုတဲ့ ဗီဒီယိုထဲမှာ အ၀တ်အစားတွေ ချွတ်လိုက်တဲ့ အခန်းတွေ ၊ ဟိုတယ်ခန်းအတွင်းမှာ မော်ဒယ်ကောင်လေးတစ်ယောက် နဲ့ ချစ်ကြိုက်ခန်းတွေအပြင် လောင်းကစားရုံတစ်ခုအတွင်း မြင်းစီးပြတဲ့အခန်းတွေကို သရုပ်ဆောင် ရိုက်ကူးထားတယ်လို့ သိရပါတယ်။

သူမဟာ ဒီသီချင်းကို လတ်စ်ဗီးဂတ်စ်မှာ ပရိုမိုးရှင်း ပြုလုပ်သွားဖွယ်ရှိနေပြီး ဗီဒီယို ရဲ့ အစမှာတော့ သူမဟာ ၀တ်လစ်စလစ် အနေအထားနဲ့ စတင်တွေ့ရပြီးတဲ့နောက် လှပတဲ့ ၀တ်စုံကိုလဲပြီးတဲ့နောက်လည်း ရင်သားအလှတွေကို ပေါ်လွင်အောင် သရုပ်ဆောင်ထားပြန်ပါတယ်။

အသက် ၂၈ နှစ်ရှိနေပြီဖြစ်တဲ့ Ellie Goulding ဟာ ထိုသီချင်းကို ပြီးခဲ့တဲ့ အားလပ်ရက်မှာကျင်းပခဲ့တဲ့ Apple Music ဖျော်ဖြေပွဲမှာ ပထမဆုံး အကြိမ် သီဆိုဖျော်ဖြေခဲ့ရာမှာတော့ ပရိတ်သတ်တွေက တစ်ခဲနက်အားပေးခဲကြပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာတစ်ခုက သူမဟာ On My Mind ဆိုတဲ့ ထို သီချင်းထဲမှာ သူမနဲ့ သတင်းတွေထွက်ခဲ့တဲ့ အဆိုတော် Ed Sheeran အကြောင်းတွေ ရည်ညွှန်းသီဆိုထားတာပါ။

အသက် ၂၄ နှစ်အရွယ် အဆိုတော် ကောင်လေး Ed Sheeran ကလည်း Ellie Goulding အကြောင်းကို သီချင်းတစ်ပုဒ်နဲ့ ရည်ညွှန်းသီဆိုခဲ့ဖူးပြီး သူတို့ ၂ ယောက်လုံး ရဲ့ သီချင်းစာသားတွေထဲမှာတော့ ဟိုတယ် တစ်ခု အကြောင်းကို တူညီစွာ သီဆိုထားတာ ကို တွေ့ရပြန်ပါတယ်။ ဒါ့အပြင် Ellie Goulding က Ed Sheeran ရဲ့ တက်တူးတွေအကြောင်းကိုလည်း ထည့်သွင်းသီဆိုထားပြန်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror