Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တစ်နှစ်အတွင်း Emmy ဆုအများဆုံးရရှိတဲ့ ရုပ်သံဇာတ်လမ်းတွဲအဖြစ် ‘Game of Thrones’ စံချိန်တင်

တစ်နှစ်အတွင်း Emmy ဆုအများဆုံးရရှိတဲ့ ရုပ်သံဇာတ်လမ်းတွဲအဖြစ် ‘Game of Thrones’ စံချိန်တင်

| No comment



HBO ရဲ့ ရုပ်သံစီးရီး ‘Game of Thrones’ ဟာ ၂၀၁၅ ခုနှစ် Emmy ဆုပေးပွဲမှာ ဆန်ကာတင်ဆု ၂၄ ခုနဲ့ ဦးဆောင်ခဲ့ပြီး ၁၂ ဆုရရှိခဲ့ကာ တစ်နှစ်အတွင်း ဇာတ်လမ်းတွဲတစ်ခုတည်းက ဆုအများဆုံး ရရှိမှု အဖြစ် စံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်။ အကောင်းဆုံးဒရာမာစီးရီးဆု၊ စီးရီးစီစဉ်သူ David Benioff နဲ့ Dan Weiss တို့ က အကောင်းဆုံးဇာတ်ညွှန်းဆု ၊ အကောင်းဆုံးဒါရိုက်တာဆုကို David Nutter ၊ အကောင်းဆုံး ဇာတ်ပို့ သရုပ်ဆောင်ဆုကို Peter Dinklage တို့ က ရရှိခဲ့ပြီး ကျန်တဲ့ရှစ်ဆုကိုတော့ လွန်ခဲ့တဲ့အပတ်က ကျင်းပခဲ့တဲ့ Creative Arts Emmys ဆုပေးပွဲမှာ ရရှိခဲ့တာဖြစ်ပါတယ်။

Emmy ဆု ကိုးခုရရှိခဲ့တဲ့ NBC ရုပ်သံရဲ့ ‘The West Wing’ ဇာတ်လမ်းတွဲရဲ့ စံချိန်ကို ‘Game of Thrones’ က ချိုးဖျက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ‘Game of Thrones’ ဟာ ‘West Wing’ နဲ့ ’Hill Street Blues’ ဇာတ်လမ်းတွဲတွေနဲ့ ပြသတဲ့ကာလအတွင်း ဆုအများဆုံးရရှိမှုမှာ စံချိန်တူနေပြီး ဇာတ်လမ်းတွဲမပြီးဆုံးခင်မှာ ဒီစံချိန်ကိုပါ သေချာပေါက် ကျော်ဖြတ်သွားဖို့ ရှိနေပါတယ်။

အမေရိကန်တီဗီရုပ်သံနက်ဝေါ့ခ် HBO ဟာ Primetime Emmys ဆုပေးပွဲမှာ ‘Veep’ ဇာတ်လမ်းတွဲနဲ့ အကောင်းဆုံးဟာသဇာတ်လမ်းတွဲဆု၊ ‘Olive Kitteridge’ ဇာတ်လမ်းတွဲနဲ့  အကောင်းဆုံးဇာတ်လမ်းတွဲအတိုဆုတို့ ကိုပါ ရရှိခဲ့ကာ စုစုပေါင်း ၁၄ ခုရရှိခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: variety