Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဒုတိယ အကြိမ်မြောက် လက်ထပ်တော့မယ့် Emmy Rossum

ဒုတိယ အကြိမ်မြောက် လက်ထပ်တော့မယ့် Emmy Rossum

| No comment



မင်းသမီး Emmy Rossum ဟာ သူမရဲ့ နွေရာသီကို သူမနဲ့ နှစ် နှစ်ကျော် တွဲလာခဲ့တဲ့ ချစ်သူ စာရေးဆရာ နဲ့ ဒါရိုက်တာ Sam Esmail နဲ့ စေ့စပ်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် ကွန်ရက် တီဗွီ စီးရီး တစ်ခုဖြစ်တဲ့ "Mr.Robot" အတွက် ဇာတ်လမ်းရေးသား ဖန်တီးခဲ့သူ Esmail ဟာ "Shameless" ရုပ်ရှင်ဇာတ်လမ်းရဲ့ မင်းသမီး ကို လော့အိန်ဂျလိစ်မြို့မှာ ပြီးခဲ့တဲ့အားလပ်ရက်အတွင်း စေ့စပ်ခွင့်တောင်းဆိုခဲ့တာဖြစ်တယ်လို့ Rossum ရဲ့ ပြောရေးဆိုခွင့် ရသူက အတည်ပြုပေးခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် သရုပ်ဆောင် မင်းသမီးလေး Emmy Rossum အတွက်တော့ Esmail နဲ့ လက်ထပ်ဖြစ်တဲ့အခါမှာ ဒုတိယ အကြိမ်မြောက် မင်္ဂလာဆောင်ခြင်း ဖြစ်လာမှာပါ။ သူမဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ဂီတ ပညာရှင် တစ်ဦးဖြစ်တဲ့ Justin Siegel နဲ့ လက်ထပ်ခဲ့ပါသေးတယ်။

Cosmopolitan မဂ္ဂဇင်း ကို သူမပြောပြခဲ့တာကတော့ သူမအနေနဲ့ ထို အိမ်ထောင်ရေး ကို အလျင်စလို ဆုံးဖြတ်ပြီး တည်ဆောက်ခဲ့ရတာ ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။

"ကျွန်မလုပ်နိုင်မယ်လို့ ကျွန်မမျှော်လင့်တယ်။ ကျွန်မအရမ်း ငယ်ရွယ်နေခဲ့ပါတယ်။ အိမ်ထောင်ရေးရဲ့ အဓိပ္ပာယ်ကို ကျွန်မ သိခဲ့တယ်လို့ ကျွန်မ မထင်ပါဘူး" လို့ သူမက ဆိုပါတယ်။ သူမဟာ ၂၀၁၄ ခုနှစ်တုန်းကတော့ သူမရဲ့ ချစ်သူ Esmail ရိုက်ကူး Comet ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse