Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အကောင်းဆုံး သူငယ်ချင်း အများစုဟာ Gay တွေဖြစ်တယ်လို့ Ariana Grande ဆို

အကောင်းဆုံး သူငယ်ချင်း အများစုဟာ Gay တွေဖြစ်တယ်လို့ Ariana Grande ဆို

| No comment



Vmagazine.com ဆိုတဲ့ သတင်းဌာနတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အဆိုတော်မလေး Ariana Grande ဟာ LGBQT လူ့အဖွဲ့အစည်းဆိုတဲ့ လိင်တူ ဆက်ဆံသူ တွေအကြောင်းကို ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

အဆိုတော် နဲ့ သရုပ်ဆောင်မလေး Ariana Grande ဟာ သူမမှာ အခြောက်(Gay)ဖြစ်နေတဲ့ အစ်ကို တစ်ယောက်၇ှိကြောင်းနဲ့ သူမဟာ ဆန့်ကျင်ဘက်လိင် အပေါ်မှာ ဆွဲဆောင်နိုင်သူတွေကို လက်မခံနိုင်တဲ့သူတွေ ကိုတော့ ဒေါသထွက်မိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

"ကျွန်မပြောခင်တာကတော့ ကျွန်မဟာ အခြောက်ဖြစ်ရတာ အထူးအဆန်းလို့ သတ်မှတ်ထားတဲ့ နေရာ မှာ ကြီးပြင်းလာတာ မဟုတ်ပါဘူး။ လိင်တူဆက်ဆံခြင်းအတွက် Faggot ဆိုတဲ့အသုံးအနှုန်းနဲ့ စနောက်သလို သုံးနှုန်းတဲ့ လူတွေအတွက်တော့ ကျွန်မနဲ့ အဝေးကြီးပါ။ ကျွန်မ အဲဒီ စကားလုံးကို နားမလည်ပါဘူး။ ကျွန်မအတွက် နိုင်ငံခြားဘာသာစကားလိုဖြစ်နေပါတယ်" လို့ Ariana Grande က ဆိုပါတယ်။

ပေါ့ပ်စတား အဆိုတော်မလေး ဟာ လူတွေအနေနဲ့ လိင် ခွဲခြားမှုတွေကို ၊ လိင် မတူညီမှုအပေါ် ဝေဖန် နေမှုတွေကို နားမလည်နိုင်ဘူးလို့ဆိုပါတယ်။

ဒါ့အပြင် သူမက သူမရဲ့ အကောင်းဆုံး သူငယ်ချင်း အများစုဟာ လည်း အခြောက်တွေ ဖြစ်ကြတယ်လို့ ဆိုပြီး သူမဘ၀မှာ အနှစ်သက်ဆုံး လူ အများစု ဟာလည်း အခြောက် (Gay) တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse