Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , နာမည်ကျော် HALO Trust မိုင်းရှင်းလင်းရေး လူမှုအသင်းအဖွဲ့ ကနေ Angelina Jolie နှုတ်ထွက်

နာမည်ကျော် HALO Trust မိုင်းရှင်းလင်းရေး လူမှုအသင်းအဖွဲ့ ကနေ Angelina Jolie နှုတ်ထွက်

| No comment



HALO Trust မိုင်းရှင်းလင်းရေး ပရဟိတအဖွဲ့ က အကြီးအကဲလူကြီးတွေဟာ တစ်နေ့ ကို ပေါင် ၅၀၀ လုပ်အားခ ကိုယ့်ဘာသာကိုယ် ပြန်ရယူနေတဲ့အတွက် Angelina Jolie ဟာ အဆိုပါအဖွဲ့ ကနေ နှုတ်ထွက်လိုက်ပါတယ်။

ဟောလီးဝုဒ်သရုပ်ဆောင်မင်းသမီးက အကြီးအကဲလူကြီးနှစ်ယောက်ဟာ အစီရင်ခံစာ တစ်စောင်အတွက် ပေါင် တစ်သိန်းနှစ်သောင်းလောက် လုပ်အားခ ကိုယ့်ဘာသာကိုယ်ရယူခဲ့မှုအပေါ်မှာ တော်တော်စိတ်အနှောင့်အယှက်ဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။

၁၉၉၇ ခုနှစ်က အန်ဂိုလာနိုင်ငံက Halo Trust ပရဟိတအဖွဲ့ ရဲ့ မိုင်းကွင်းတစ်ကွင်းကို မင်းသမီး ဒိုင်ယာနာ လာရောက်လည်ပတ်ခဲ့အပြီးမှာ Halo Trust အဖွဲ့ ဟာ ဒိုင်ယာနာပုံရိပ်နဲ့ နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။

Angelina Jolie က အကြီးအကဲလူကြီးတွေဟာ အစီရင်ခံစာတွေအတွက် မိမိအိတ်ကပ်ထဲကသာ စိုက်သင့်ပြီး အဖွဲ့ ရဲ့ရန်ပုံငွေတွေကို အသုံးမပြုသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒီ့အပြင် Jolie ဟာ Halo Trust ၀န်ထမ်းတစ်ချို့ ရဲ့ ကလေးတွေ ကျောင်းအိပ်ကျောင်းစားလခ ကြေးတွေကိုလည်း အဖွဲ့ ရန်ပုံငွေထဲက သုံးနေမှုအပေါ် မကြိုက်ကြောင်းလည်း ပြောခဲ့ပါတယ်။

“အကြီးအကဲတွေရဲ့ လုပ်ဆောင်ပုံတွေကို သူမ တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်လာလို့ ထွက်ခဲ့ တာ ဖြစ်ပါတယ်” လို့ အတွင်းလူတစ်ယောက်က Times သတင်းဌာနကို ပြောကြားပါတယ်။

Halo Trust မိုင်းရှင်းလင်းရေးကူညီမှုအသင်းဟာ အစိုးရတွေနဲ့ ကုလသမ္မဂ္ဂဆီက တစ်နှစ်ကို ပေါင် သန်းပေါင်းများစွာ ရန်ပုံငွေရရှိနေပြီး ၂၀၁၄-၂၀၁၅ နှစ်အတွက် ဗြိတိန် နိုင်ငံတကာဖွံ့ ဖြိုးတိုးတက်ရေး ဌာန တစ်ခုတည်းကတင် ပေါင် ၅.၇ သန်း ရရှိခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Mirror