ဂျေလို လို့ ပြောလိုက်တာနဲ့ သူမရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းအလှ နဲ့ မလုံမလဲ ဖက်ရှင်တွေကိုပဲ ပြေးမြင်မိသွားမှာပါ။
အခုလည်း ပေါ့ပ် အဆိုတော်မလေး Jennifer Lopez ဟာ နောက်ဆုံးကျင်းပထားတဲ့ iHeartRadio ပွဲတော်မှာ သူမရဲ့ Sexy ဖြစ်လှတဲ့ ၀တ်စုံနဲ့ အတူ ပရိတ်သတ်တွေအားလုံး ကို ပါးစပ်အဟောင်းသား နဲ့ ငေးမောသွားစေခဲ့ပါပြီ။
အသက် ၄၆ နှစ်ရှိနေပြီဖြစ်တဲ့ ဂျေလိုဟာ လတ်စ်ဗီးဂတ်စ် မြို့က MGM Grand Garden Arena မှာ ကျင်းပတဲ့ iHeartRadio ပွဲတော်မှာ အဖြူရောင် ရေကူးဝတ်စုံ ဆန်ဆန် ၀တ်စုံ ကို ၀တ်ဆင်ကာ သူမရဲ့ ကောက်ကြောင်းအလှတွေကို လှစ်ဟ ပြသသွားတဲ့အတွက် ပုရိသ ပရိတ်သတ် အပေါင်းကလည်း စင်အောက်ကနေ တစ်ခဲနက် အားပေးခဲ့ကြတယ်လို့ သိရပါတယ်။
တစ်ကယ်တော့ သူမ၀တ်ဆင်ထားတဲ့ Stocking ဘောင်းဘီဟာ အသားရောင် အကြပ်ဖြစ်နေတဲ့အတွက် သူမဟာ အောက်ပိုင်းအလှကို ပြသထားသလို ဖြစ်နေခဲ့တာပါ။ စင်ပေါ်မှာလည်း သူမဟာ ငွေရောင် မိုက်ခရိုဖုန်း နဲ့ အရောင်လက်စွာ သီဆိုဖျော်ဖြေနေပေမယ့်လည်း စင်အောက် ပရိတ်သတ်တွေရဲ့ မျက်လုံးကတော့ ထို မိုက်ခရိုဖုန်းကို ကြည့်နေတာ မဟုတ်ခဲ့ပါဘူး။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror