Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဟောလီးဝုဒ် က ၀ထ္ထုစာရေးဆရာမ Jackie Collins ရင်သားကင်ဆာ ရောဂါ နဲ့ ကွယ်လွန်

ဟောလီးဝုဒ် က ၀ထ္ထုစာရေးဆရာမ Jackie Collins ရင်သားကင်ဆာ ရောဂါ နဲ့ ကွယ်လွန်

| No comment



ရိုမန်တစ် အဖြစ်ဆုံး နဲ့ ရောင်းအား အကောင်းဆုံး ၀ထ္ထုတွေကို ရေးသားခဲ့သူ စာရေးဆရာမ Jackie Collins ဟာ အသက် ၇၇ နှစ်အရွယ်မှာ ရင်သားကင်ဆာရောဂါ နဲ့ စက်တင်ဘာ ၁၉ ရက်ညက ကွယ်လွန်သွားခဲ့ပါတယ်။

Collin ဟာ ဟောလီးဝုဒ် မှာကျော်ကြားတဲ့ စုံတွဲတွေရဲ့ အိပ်ခန်းထဲက ဇာတ်လမ်းတွေကို လည်း ပုံဖော်ရေးသားထားတဲ့ ၀ထ္ထုတွေ ဒါဇင်လိုက်ထုတ်ဝေခဲ့ပြီးကျော်ကြားခဲ့သူဖြစ်ပါတယ်။

"သူမဟာ ဆန်းကြယ်တဲ့ ဘ၀ ကို ဖြတ်သန်းခဲ့ရပြီး သူမရဲ့ မိသားစုတွေ ၊ သူငယ်ချင်းတွေနဲ့ သန်းပေါင်းများစွာသော စာဖတ်သူတွေရဲ့ ဆယ်စုနှစ် ၄ ခုစာ လောက် ချစ်မြတ်နိုးမှု ကို ခံခဲ့ရသူပါ။ သူမဟာ အမျိုးသမီး ထု အတွက် တော့ စိတ်ကူးယဉ်ခြင်း နဲ့ ဖန်တီးမှု တွေမှာ လွှမ်းမိုးမှု ရှိခဲ့သူပါ။ သူမရဲ့ ဇာတ်ကောင်တွေက တော့ ဆက်လက်ရှင်သန် နေဦးမှာပါ။" လို့ Jackie Collins ရဲ့ မိသားစု ၀င်တွေက ဆိုပါတယ်။

Jackie Collins ဟာ သူမရဲ့ စာအုပ်တွေကို နိုင်ငံ ပေါင်း ၄၀ ကျော်မှာ စာအုပ်ပေါင်း သန်း ၅၀၀ ကျော် လောက် ပုံနှိပ်ထုတ်ဝေခဲ့ပြီး New York Times သတင်းဌာနရဲ့ ရောင်းအားအကောင်းဆုံး စာအုပ်အဖြစ် သတ်မှတ်ခြင်းကို အကြိမ် ၃၀ တိတိ ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။

သူမရဲ့ ပွဲဦးထွက် ထုတ်ဝေခဲ့တဲ့ ၀ထ္ထုစာအုပ်ကတော့ "The World is Full of Married Men" ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ "Hollywood Wives" ၊ "Lucky" နဲ့ Lady Boss ဆိုတဲ့ စာအုပ်တွေကို ထုတ်ဝေခဲ့ပြီးတဲ့နောက်မှာ အောင်မြင်ကျော်ကြားလာသူတစ်ယောက်ဖြစ်ပါတယ်။

Collins ဟာ ၁၉၆၀ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်အထိ Wallace Austin ဆိုသူ နဲ့ လက်ထပ်ခဲ့ပြီး ၁၉၆၅ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ Oscar Lerman နဲ့ လက်ထပ်ခဲ့ပြီး သူမမှာ Tracy Lerman ၊ Rory Lerman ၊ Tiffany Lerman နဲ့ Emmy Collins ဆိုတဲ့ သားသမီးတွေလည်း ရှိတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse