Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သူ့ ရဲ့ James Bond ဇာတ်ဝင်သီချင်းကို Daniel Craig ကိုယ်တိုင် ကြိုက်နှစ်သက်ကြောင်း Sam Smith ထုတ်ဖော်ပြောဆို

သူ့ ရဲ့ James Bond ဇာတ်ဝင်သီချင်းကို Daniel Craig ကိုယ်တိုင် ကြိုက်နှစ်သက်ကြောင်း Sam Smith ထုတ်ဖော်ပြောဆို

| No comment



James Bond ဇာတ်ကားသစ် Spectre ရဲ့ ဇာတ်ဝင်သီချင်းကို ဘယ်သူဆိုမလဲဆိုတာ လူတွေထင်ကြေးပေး ခန့် မှန်းနေကြမှုကို Sam Smith က အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဗြိတိန်အဆိုတော်ဟာ Spectre ရဲ့ ဇာတ်ဝင်သီချင်းကို သီဆိုမှာဖြစ်ပြီး Bond ကိုယ်တိုင်က သူ့ သီချင်းကို ကြိုက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Writing’s On The Wall လို့ အမည်ပေးထားတဲ့ Spectre ဇာတ်ဝင်သီချင်းဆိုပေးဖို့ ရွေးချယ်ခံခဲ့ ရမှုဟာ သူ့ အဆိုတော်ဘ၀ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်တွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်န၀ါဂီလကတည်းက ဒီသီချင်းကို အသံသွင်းပြီဖြစ်ကြောင်း Smith က ပြောဆိုခဲ့ပြီး ဒီအကြောင်းကို ဖုံးကွယ်ထားဖို့ တော်တော်ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ အမေ၊အဖေအပါအ၀င် လူအနည်းငယ်ကိုသာ ဒီအကြောင်း ပြောပြခဲ့တယ်လို့ Smith က BBC ရေဒီယိုအစီအစဉ်နဲ့ တွေ့ ဆုံခန်းမှာ ဖြေကြားခဲ့ပါတယ်။

အဆိုပါ Writing’s On The Wall သီချင်းကို စက်တင်ဘာလ ၂၅ ရက်နေ့ မှာ ထွက်ရှိမှာဖြစ်ပြီး Sam Smith နဲ့ အတူ သီချင်းရေးဆရာ Jimmy Napes က ပူးတွဲရေးစပ်ထားကြောင်း သိရပါတယ်။

အဆိုပါသီချင်းကို အေးဂျင့် 007 အဖြစ်သရုပ်ဆောင်မယ့် Daniel Craig ကြိုက်ရဲ့လားလို့ မေးမြန်းခဲ့ရာမှာ

“ကျွန်တော် မနေ့ က Sam ( ဒါရိုက်တာ Sam Mendes) နဲ့ အတူတူ ရှိနေခဲ့တယ်ဗျ။ Daniel က ကြိုက်တယ်လို့ သူပြောပြတယ်” လို့ Sam Smith က ပြန်ဖြေခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Mirror