Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဟန်းနီးမွန်း အပြီးမှာ အသည်းအသန် ၀ိတ်ချ နေရတဲ့ Jennifer Aniston

ဟန်းနီးမွန်း အပြီးမှာ အသည်းအသန် ၀ိတ်ချ နေရတဲ့ Jennifer Aniston

| No comment



အချိန်ကြာရှည်တွဲလာခဲ့တဲ့ ချစ်သူကောင်လေး Justin Theroux နဲ့ တိတ်တဆိတ် လက်ထပ် ပြီးတဲ့နောက် Bora Bora ကမ်းခြေကို  ဇိမ်ခံ ဟန်းနီးမွန်း သွားရောက် ပြီး ပြန်ရောက်လာတဲ့ အသက် ၄၆ နှစ်အရွယ် မင်းသမီး Jennifer Aniston ဟာ ဓါတ်ပုံတွေထဲမှာ အရင်ထက်ပိုပြီးဝလာတာကိုတွေ့ရပါတယ်။ ဒါပေမယ့် သူမဟာ အခုတော့ အပြင်းအထန် ၀ိတ်ချ ဖို့ ကြိုးစားနေပါပြီ။

သူမဟာ ကိုယ်အလေးချိန်တိုးလာမှု ကိုထိန်းသိမ်းဖို့ အဆင်မပြေခဲ့တဲ့အတွက် အခုမှ အသည်းအသန် ၀ိတ်ချဖို့ လေ့ကျင့်ခန်းတွေ လုပ်နေရတာ ဖြစ်ပါတယ်။ သူမဟာ သူမရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ Mothers' Day ဆိုတဲ့ အချစ်ဇာတ်လမ်းကို အတ္တလန်တာ မြို့မှာ ရိုက်ကူးရမှာ ဖြစ်ပြီး ထို ဇာတ်လမ်းမှာ အသက် ၄၇ နှစ်အရွယ် Julia Roberts နဲ့ အသက် ၃၆ နှစ်အရွယ် Kate Hudson တို့ နဲ့ အတူ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ် Theroux နဲ့ ပြီးခဲ့တဲ့ လ မှာ လက်ထပ်ခဲ့တဲ့ Jennifer Aniston ဟာ သူမ ကိုယ်အလေးချိန်တိုးလာတဲ့ အကြောင်းအရင်းကို ပြောပြရာမှာတော့ သူမရဲ့ ခင်ပွန်းဖြစ်သူဟာ Pasta ချက်ပြုတ်တာ အရမ်းကျွမ်းတဲ့အတွက် ဖြစ်တယ်လို့ သူမက ပြန်လည် ဖြေဆိုခဲ့ပါတယ်။

"ကာဘိုနာရာ ခေါက်ဆွဲဟာတရားခံပါ။ ကျွန်မ သူနဲ့ စတင်တွေ့ဆုံခဲ့တဲ့ လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ကျွန်မကို ပေါင်ချိန်တွေတိုးလာစေခဲ့တာပါ။ ဒါပေမယ့်လည်း ဒါဟာ ထိုက်တန်ပါတယ်" လို့ Jennifer Aniston ကဆိုပါတယ်။

Friends ဇာတ်လမ်းရဲ့ သရုပ်ဆောင် Aniston ဟာ ၂၀၀၅ ခုနှစ်မှာ Brad Pitt နဲ့ ကွာရှင်းခဲ့ပြီးတဲ့နောက် အရင်းနှီးဆုံး သူငယ်ချင်း အယောက် ၇၀ ခန့်ကို ဖိတ်ကြားပြီး တိတ်တဆိတ် မင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။ ထိုဖိတ်ကြားခံရသူတွေကို Aniston ဟာ Theroux ရဲ့ မွေးနေ့လို့ ပြောပြီး ဖိတ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail