Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Jim Carrey ရဲ့ ချစ်သူကောင်မလေး ကိုယ့်ကိုကိုယ် သတ်သေ

Jim Carrey ရဲ့ ချစ်သူကောင်မလေး ကိုယ့်ကိုကိုယ် သတ်သေ

| No comment



ဟောလီးဝုဒ် ဟာသ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ Jim Carrey ရဲ့ ချစ်သူကောင်မလေး Cathriona White ဟာ အသက် ၂၈ နှစ်အရွယ်မှာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ပြီး သူမရဲ့ နေအိမ်မှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Cathriona White ဟာ မိတ်ကပ် ပညာရှင်တစ်ယောက်ဖြစ်ပြီး အသက် ၅၃ နှစ်ရှိနေပြီဖြစ်တဲ့ မင်းသား Jim Carrey နဲ့တွဲလာတာ ၃ နှစ်ဝန်းကျင်ရှိနေပါပြီ။ Cathriona White က သူမကို သူမ "Little Irish Girl" လို့ သတ်မှတ်ကာ သူမရဲ့ Instagram အကောင့်မှာလည်းရေးသားထားပါတယ်။

Cathriona ဟာ ၂၀၀၉ ခုနှစ်မှာ အိုင်ယာလန် နိုင်ငံကနေ လော့အိန်ဂျလိစ် မြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ Jim Carrey နဲ့ စတင်တွဲခဲ့တာဖြစ်ပါတယ်။

Cathriona ဟာ ဒီနှစ်အစောပိုင်းမေလ တုန်းကလည်း သူမနဲ့ မင်းသား Jim Carrey တို့ ရဲ့ အချစ်ရေးကို ပြန်လည် ထိန်းသိမ်း တည်ဆောက်နေရတဲ့အကြောင်းတွေကို ပြောပြခဲ့ဖူးပေမယ့် ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်အရ သူမ တို့ ၂ ယောက်ရဲ့ အချစ်ရေးဟာ ပြီးခဲ့တဲ့ အပတ်မှာ အဆုံးသတ်သွားခဲ့တယ်လို့လည်း ကြားသိရပါတယ်။

Dumb and Dumber ဇာတ်လမ်းရဲ့ သရုပ်ဆောင် မင်းသား Jim Carrey က သူ့ရဲ့တရားဝင် Twitter စာမျက်နှာမှာ Cathriona White ရိုက်ကူးပေးထားတဲ့ ဓါတ်ပုံတစ်ပုံကိုလည်း စက်တင်ဘာလ ၁၇ ရက်နေ့က နောက်ဆုံးတင်ထားတာကိုတွေ့ခဲ့ရပါတယ်။ ရင်းနှီးသူတွေရဲ့ ပြောကြားချက်အရတော့ Cathriona ဟာ သူမတို့ လမ်းခွဲပြတ်စဲပြီးတဲ့နေ့မှာ Twitter မှာ သေတမ်းစာ ဆန်ဆန် Tweet တစ်ခုကို ရေးသားထားတယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror