Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ကိုယ်အလေးချိန် သိသိသာသာ တိုးလာတဲ့ Johnny Depp

ကိုယ်အလေးချိန် သိသိသာသာ တိုးလာတဲ့ Johnny Depp

| No comment



ဟောလီးဝုဒ်မင်းသားကြီး Johnny Depp ဟာ ဒီလအစောပိုင်းက Venice ရုပ်ရှင်ပွဲတော်ကို လာရောက်ပြီး သူ့ရဲ့နောက်ဆုံး ရုပ်ရှင်ဖြစ်တဲ့ "Black Mass" ကို ပရိုမိုးရှင်းလာရောက်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ပရိတ်သတ်တွေ သတိထားမိခဲ့တာက Johnny Depp ဟာ အရင်လိုပုံစံမျိုးမဟုတ်တော့ပါဘူး။

ဟောလီးဝုဒ် ကြယ်ပွင့်ဟာ ကိုယ်အလေးချိန် တိုးလာတာ သိသာနေပြီး သူ့မျက်နှာဟာလည်း အရင်မြင်နေကြထက် ပြည့်နေပါတယ်။ Johnny Depp အနေနဲ့ သူ သရုပ်ဆောင်ရမယ့် ဇာတ်ကောင် အတွက် တမင် ၀ လာအောင် လုပ်နေတာလားတော့ မသိပါဘူး။

National Enquirer သတင်းဌာန ရဲ့ ပြောကြားချက်အရတော့ Johnny Depp ဟာ လက်ရှိမှာ ကိုယ်အလေးချိန်တိုးလာစေဖို့အတွက် အရက်သောက်ခြင်းမှ ရပ်နားထားတယ်လို့လည်း သိရပါတယ်။

Johnny Depp နဲ့ ရင်းနှီးတဲ့ အတွင်းလူတစ်ယောက်က ပြောကြားခဲ့တာကတော့ "Johnnt ဟာ Pirates of the Caribbean ဇာတ်လမ်းရိုက်ရင်း မတော်တဆ မှု ကြောင့် အရက်ဖြတ်လိုက်ပါတယ်။ သူ ဆက်ပြီးတော့လည်း မသောက်ပဲနေပါတယ်။ ဒါပေမယ့် သူဟာ ကိုယ်အလေးချိန်တိုးလာပြီး သေလောက်အောင် ပျင်းဖို့ကောင်းလာပါတယ်။" လို့ ဆိုပါတယ်။

မတ်လ တုန်းကတော့ Johnny Depp ဟာ "Pirates of the Caribbean: Dead Men Tell No Tales" ဆိုတဲ့ ရုပ်ရှင် ဇာတ်လမ်းကို ရိုက်ကူးနေစဉ်က သြစတြေးလျမှာ သူငယ်ချင်းတစ်ယောက်ရဲ့ တစ်ယောက်စီး ပြိုင်ကားလေးကို မောင်းနှင်ရင်း မတော်တဆမှုကြောင့် လက်မှာ ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ ထို အချိန်တုန်းက Johnny Depp ဟာ အရက်သောက်ထားပြီး မတော်တဆ မှု ဖြစ်ခဲ့တဲ့အတွက် အခုချိန်မှာ အရက်ကို စွန့်လွှတ်ဖို့ ဖြစ်လာခဲ့တာပါ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse