Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Justin Bieber က Selena Gomez နဲ့အတူ အချစ်ရေးမှာ နစ်မြောခဲ့တဲ့ အကြောင်းတွေကို ဖွင့်ဟ

Justin Bieber က Selena Gomez နဲ့အတူ အချစ်ရေးမှာ နစ်မြောခဲ့တဲ့ အကြောင်းတွေကို ဖွင့်ဟ

| No comment



ဆယ်ကျော်သက် ကောင်မလေးတို့ရဲ့ အသည်းစွဲ အဆိုတော်ကောင်လေး Justin Bieber က သူနဲ့ Selena Gomez တို့ဟာ အချစ်မှာ အရမ်းကို နစ်မြောခဲ့ကြတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပေါ့ပ်စတား တစ်ယောက်လည်း ဖြစ်တဲ့ Justin Bieber က Selena Gomez နဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်အစစ်အမှန်တွေကိုလည်း ထုတ်ဖော်ပြောကြားခဲ့ သလို သူတို့ ၂ ယောက်ရဲ့ အချစ်ရေးဟာ ပရိတ်သတ်အားလုံးရဲ့ အသည်းစွဲ ကိစ္စ ဖြစ်ခဲ့တဲ့အတွက် အဆုံးသတ်တဲ့ အခါမှာ သူ့အနေနဲ့ အပြစ်တင်ခံလိုက်ရတယ်လို့လည်း သိရပါတယ်။

"ငါတို့က အချစ်မှာ အရမ်းကို နစ်မြောခဲ့ကြတယ်။ ဘာကိစ္စတွေပဲဖြစ်ဖြစ်။ ငါတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် အကြောင်းအားလုံးသိတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်ပျက်တဲ့အခါ ၊ သင်ဟာ ထို အချစ်ရေးကနေ သင့်ရဲ့ တန်ဖိုးကို ပြန်ရလိုက်တဲ့အခါ လူတွေက သင့်ကိုပဲ အပြစ်တင်နေကြလိမ့်မယ်" လို့ Bieber က Complex မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

ထို အချစ်ရေးကနေ ဘာတွေ သင်ခန်းစာရလဲလို့ မေးတဲ့အခါမှာတော့Justin Bieber က " အချစ်ကို မကိုးကွယ်ပါနဲ့" လို့ ပြန်ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် Justin Bieber က သူ့အနေနဲ့ ချစ်သူကောင်မလေး အသစ်တွေ့နေပြီလို့ ၀န်ခံခဲ့သလိုပဲ သူ့အနေနဲ့ Selena Gomez နဲ့ အချစ်ရေးကနေ ရခဲ့တဲ့ သင်ခန်းစာတွေကြောင့် အရှက်ရခဲ့တယ်လို့လည်းထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Justin Bieber နဲ့ Selena Gomez တို့ဟာ ၂၀၁၀ ခုနှစ်မှာ စတင် တွဲခဲ့ကြတာဖြစ်ပြီး တွဲလာတဲ့ ချစ်သူသက်တမ်းတစ်လျှောက် ပြတ်လိုက် ဆက်လိုက် ဖြစ်လာခဲ့ရာကနေ ၂၀၁၄ ခုနှစ်မှာ အပြီးသတ် လမ်းခွဲခဲ့ကြပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror