Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ပရိုဂျုဆာ တစ်ယောက်နဲ့ တွဲနေတဲ့ Katie Holmes

ပရိုဂျုဆာ တစ်ယောက်နဲ့ တွဲနေတဲ့ Katie Holmes

| No comment



ဝါရင့် ဟောလီးဝုဒ် မင်းသမီး ချော Katie Holmes ဟာ သူမရဲ့ ဘ၀မှာ အားကိုးစရာ အမျိုးသား သစ် တစ်ယောက် ရရှိနေပြီလို့ သတင်းတွေက ဖော်ပြထားပါတယ်။

သူကတော့ Katie Holmes လက်ရှိ ရိုက်ကူးနေတဲ့ "All We Had" ဆိုတဲ့ ဇာတ်လမ်း ရဲ့  ပရိုဂျူဆာ ပဲ ဖြစ်ပါတယ်။ Katie Holmes ဟာ ထိုဇာတ်လမ်းကို နယူးယော့ခ် မြို့မှာ ရိုက်ကူးနေပြီး သူမကိုယ်တိုင်ပဲ ဒါရိုက်တာလုပ်ထားပြီး အမှုဆောင် ထုတ်လုပ်သူကတော့ Boone ပဲ ဖြစ်ပါတယ်။

သူတို့ ၂ ဦးနဲ့ ရင်းနှီးတဲ့ အတွင်းလူတစ်ယောက်က National Enquirer သတင်းဌာနကို ပြောကြားခဲ့ တာကတော့ သူတို့ ၂ ဦးဟာ လုပ်ဖော်ကိုင်ဖက်တွေထက်ပိုတဲ့ အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။

ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပြခဲ့တာကတော့ "သူတို့ဟာ လပေါင်းများစွာ နီးနီးကပ်ကပ် အလုပ်အတူ လုပ်ခဲ့ကြပါတယ်။ ဒါကြောင့် သူတို့ ၁ ယောက်နဲ့ ၁ ယောက် စွဲလန်းမိသွားတာ အံ့သြ စရာ မရှိပါဘူး။ သူတို့ ၂ ယောက် ဟာ အဆက်အသွယ်ရှိကြပါတယ်။ သူတို့ ဟာ ၁ ယောက်နား နား ကို ၁ ယောက်ကပ်ပြီး တိုးတိတ်စွာ အပြန်အလှန်စကား ပြောကြပါတယ်။ ဒါဟာ အရမ်းချိုမြိန်ပြီး ကဗျာဆန်ပါတယ်" လို့ ဆိုပါတယ်။

Katie Holmes နဲ့ Boone တို့ဟာ ၂ ယောက်လုံး အသက် ၃၆ နှစ်ဖြစ်ပြီး လိုက်ဖက်လှပါတယ်။ Katie Holmes ဟာ အရင်တုန်းကတော့ "Dawson's Creek" ဆိုတဲ့ ဇာတ်လမ်းထဲက တွဲဖက် သရုပ်ဆောင် Joshua Jackson နဲ့တွဲခဲ့ပါသေးတယ်။ အဲဒီနောက်မှာ သူမ ဟာ သရုပ်ဆောင် Chris Klein နဲ့ ၂၀၀၀ ခုနှစ်မှာ တွဲခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ စေ့စပ်ခဲ့ကြပါတယ်။ သူမ တို့ ၂ ယောက်ဟာ ၂၀၀၅ ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။ Katie Holme ဟာ Tom Cruise နဲ့လည်း ၂၀၀၆ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#health.thithtoolwin.com

Ref : Starpulse