Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တစ်ညအတွင်း ဆံပင်ပုံစံ ၂ခါတောင် ပြောင်းခဲ့တဲ့ Katy Perry

တစ်ညအတွင်း ဆံပင်ပုံစံ ၂ခါတောင် ပြောင်းခဲ့တဲ့ Katy Perry

| No comment



ပေါ့ပ်ကြယ်ပွင့် Katy Perry ဟာ ဗုဒ္ဓဟူးနေ့ညက တစ်ညတည်းမှာ ဆံပင်ပုံစံ ၂ ခါတောင်ပြောင်းပြီး သူ့ရဲ့ ပုတ်သင်ညိုလို အရောင်ပြောင်းလဲမှုကို ပြသသွားပါတယ်။

နာမည်ကျော်အဆိုတော်ဟာ Harper’s Bazaar Icons ပါတီတက်ရောက်ခဲ့တာ ဖြစ်ပြီး အနီရောင်ကော်ဇောပေါ်မှာ Perry ကို အနီရင့်ရင့်ဆံပင်လိမ်လိမ်စတိုင်နဲ့အတူ တောက်ပတဲ့ဝတ်စုံနဲ့ ပထမဆုံး တွေ့မြင်ခဲ့ကြရတာဖြစ်ပါတယ်။ Perry ရဲ့ သွယ်လျလှပတဲ့ခြေတံတွေကို မြင်နိုင်စေမယ့် ပေါင်အထိခွဲထားတဲ့ ဂါဝန်ကို ၀တ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၀အရွယ် နာမည်ကျော်အဆိုတော်ဟာ ပွဲအတွက် သူ့ရဲ့နာမည်ကျော် သီချင်းတွေဖြစ်တဲ့ Roar, Teengae Dream နဲ့ I Kissed a Girl စတာတွေနဲ့ သီဆိုဖျော်ဖြေသွားခဲ့ပါသတဲ့။

Perry ရဲ့ ဒုတိယအကြိမ် ဆံပင်စတိုင်ပြောင်းလဲမှုကိုတော့ ပါတီအပြီး ပန်းရောင်ဆံပင်တိုကို အနက်ရောင်ဝတ်ဆုံနဲ့ တွဲဖက်ဝတ်ဆင်ထားတာကို တွေ့ရတာဖြစ်ပါတယ်။

စက်တင်ဘာလထဲမှာပဲ ပေါ့စတားဟာ Hollywood’s Chinese Theater မှာလည်း ဒီဇိုင်းနာ Jeremy Scott နဲ့အတူတူ နာမည်ကျော်တွေရဲ့ လက်ဖ၀ါးရာတွေကို အထိမ်းအမှတ်ထားရှိတဲ့ပွဲကို တက်ရောက်ထားရှိခဲ့ပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi