Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အသံကို အနားပေးရန်လိုအပ်လာသဖြင့် နယ်လှည့်ဖျော်ဖြေပွဲ များကို ဖျက်သိမ်းလိုက်ရတဲ့ Kelly Clarkson

အသံကို အနားပေးရန်လိုအပ်လာသဖြင့် နယ်လှည့်ဖျော်ဖြေပွဲ များကို ဖျက်သိမ်းလိုက်ရတဲ့ Kelly Clarkson

| No comment



ပေါ့ပ်စတား Kelly Clarkson ဟာ  သူမရဲ့  Invincible ဟုအမည်ပေးထားသည့်  Tour ပွဲစဉ်ကို ခြောက်ပွဲမြောက်အရောက်မှာ  ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့ အသံကို အနားပေးဖို့ လိုအပ်နေတယ်လို့ သူမရဲ့ ဆရာဝန်က အကြံပေးခဲ့တာကြောင့် ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းခဲ့ရတယ်လို့  သတင်းတွေက ဖော်ပြထားပါတယ်။

" ကျွန်မရဲ့ ဖျော်ဖြေပွဲအချို့ကို ဖျက်သိမ်းခဲ့ရတဲ့အတွက် ကသိကအောက်ဖြစ်ရပါတယ်။ ကျွန်မရဲ့ ဆရာဝန်တွေက အသံကို အနားပေးဖို့လ်တယ်လို့ပြောကြတယ်ဟု " သူမရဲ့ တွစ်တာစာမျက်နှာကနေတစ်ဆင့် အသိပေးသွားခဲ့ပါတယ်။

သူမရဲ့ နယ်လှည့်ဖျော်ဖြေပွဲ  အတွက်လက်မှတ်ဖိုးတွေကိုလည်း ပြန်အမ်းသွားမယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

သူမဟာ မန်နေဂျာဖြစ်သူ  Brandon Blackstock နဲ့ လက်ထပ်ခဲ့ပြီး River Rose လို့ အမည်ရတဲ့ တစ်နှစ်အရွယ် သမီးတစ်ဦးထွန်းကားခဲ့ပါသေးတယ်။

Kelly မှာ နောက်ထပ်ရင်သွေးတစ်ယောက် ထပ်လွယ်ထားရတယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi