Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , အပြာရုပ်ရှင်များစွာ ရိုက်ကူးထားတဲ့ Kylie Jenner နဲ့ Tyga

အပြာရုပ်ရှင်များစွာ ရိုက်ကူးထားတဲ့ Kylie Jenner နဲ့ Tyga

| No comment



ဖြစ်ရပ်မှန် ရှိုးတွေရဲ့ ကြယ်ပွင့် တစ်ယောက်ဖြစ်တဲ့ Kylie Jenner နဲ့ သူမရဲ့ ချစ်သူ ရပ်ပါ Tyga တို့ကို အပြာကား ရိုက်ကူးဖို့အတွက် ဒေါ်လာ သန်းပေါင်းများစွာ နဲ့ ကမ်းလှမ်းခံရပြီးတဲ့နောက်မှာ သူမနဲ့ Tyga ဟာ အပြာရုပ်ရှင်များစွာကို ရိုက်ကူးထားပြီး ပိုက်ဆံ ရဖို့အတွက် ထုတ်လုပ်ဖြန့်ချီသွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

OK! မဂ္ဂဇင်းက အခိုင်အမာဆိုထားခဲ့တာကတော့ အသက် ၁၈ နှစ်အရွယ် Kylie Jenner နဲ့ အသက် ၂၅ နှစ်အရွယ် Tyga တို့ဟာ အပြာရုပ်ရှင်များစွာကို ရိုက်ကူးပြီးဖြစ်တယ်ဆိုတာပါပဲ။

သတင်းအရင်းအမြစ် တစ်ယောက်က ဖော်ပြခဲ့တာကတော့ "သူတို့ဟာ အိပ်ခန်းထဲမှာ ကင်မရာ တတ်ဖို့အတွက် မကြောက်ကြပါဘူး။ သူတို့ကိုယ်သူတို့ ပြန်ရိုက်ကူးဖို့လည်း ၀ါသနာပါကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Kylie ရဲ့ မာနကြီးနေမှု ဟာ ထိန်းလို့မရတော့လို့ပါ။ သူတို့ ဟာ အပြာရုပ်ရှင် တစ်ကားထက်ပိုပြီး ရိုက်ကူးထားပါတယ်။ Kylie ဟာလည်း Vivid ရဲ့ ကမ်းလှမ်းမှုကို လက်ခံတော့မှာပါ" လို့ ပြောပြခဲ့ပါတယ်။

Kylie Jenner ဟာ သြဂုတ်လကမှ အသက် ၁၈ နှစ်ပြည့်ခဲ့ပြီး အပြာရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။TMZ သတင်းဌာနက ဖော်ပြခဲ့ဖူးတာကတော့ Vivid Entertainment ဟာ သူမနဲ့ ချစ်သူ Tyga တို့ရဲ့ အပြာရုပ်ရှင်ကို ဒေါ်လာ ၁၀ သန်းနဲ့ ဖြန့်ချီခွင့် ကမ်းလှမ်းခဲ့ဖူးပါတယ်။

တစ်ကယ်တော့ Vivid Entertainment ဟာ ၂၀၀၇ ခုနှစ်ကလည်း Kylie Jenner ရဲ့ အမ ဖြစ်သူ Kim Kardashian ကို အပြာရုပ်ရှင်နဲ့ နာမည်ကြီးလာအောင် လုပ်ပေးခဲ့ဖူးပါတယ်။ Kim Kardashian နဲ့ ရည်းစားဟောင်း Ray-J တို့ရဲ့ ၂၀၀၃ ခုနှစ်က အပြာရုပ်ရှင်ကို Vivid Entertainment က ဖြန့်ချီခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse