Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Lil Wayne နဲ့ Christina Milian တို့ စုံတွဲ တစ်နှစ်ကြာလက်တွဲပြီးနောက် လမ်းခွဲ

Lil Wayne နဲ့ Christina Milian တို့ စုံတွဲ တစ်နှစ်ကြာလက်တွဲပြီးနောက် လမ်းခွဲ

| No comment



Start A Fire သီချင်းကို အတူတွဲဆိုခဲ့ကြတဲ့ Christina Milian နဲ့ Lil Wayne တို့ ဟာ တစ်နှစ်ခန့် တွဲပြီးနောက် သြဂုတ် လမှာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။

အသက် ၃၃ နှစ်အရွယ် Christina နဲ့ ၃၂ နှစ်အရွယ် Lil Wayne တို့ ဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ စတွဲခဲ့တာဖြစ်ပြီး သူတို့ နှစ်ဦးရဲ့အချစ်ရေးကို အချိန်အတော်ကြာ လှို့ဝှက်ထားခဲ့ပါသေးတယ်။

အခုအခါလမ်းခွဲပြီးဖြစ်ပေမယ့် သူတို့ နှစ်ဦးဟာ အခင်အမင်မပျက်ဘဲ စနေ့ နေ့ ကလည်း New York Fashion Week ရှိုးပွဲကို နှစ်ယောက်လုံး တက်ရောက်ခဲ့ကြတာကို တွေ့ မြင်ရပါတယ်။

သူတို့ နှစ်ယောက်လမ်းခွဲရတဲ့ အဓိကတရားခံက နှစ်ယောက်စလုံးရဲ့ မအားလပ်တဲ့အလုပ်အစီအစဉ်တွေ ကြောင့်ဖြစ်တယ်လို့ အတွင်းလူတစ်ယောက်က Us Weekly သတင်းစာကို ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ လက New York မြို့ ၊ Jones ကမ်းခြေမှာပြုလုပ်ခဲ့တဲ့ Billboard Hot 100 ဂီတပွဲတော်မှာ Lil Wayne ဖျော်ဖြေခဲ့စဉ်က Christina ဟာ စင်ပေါ်တက်ကာ Wayne နဲ့ အတူ တွဲဆိုခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: dailymail