TMZ သတင်းဌာနရဲ့ အဆိုအရ မိန်းကလေးနှစ်ဦးနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ Lil Wayne ရဲ့ ညစ်ညမ်း ဗီဒီယို ဟာ လူတစ်ယောက် ဆီမှာ ရောက်ရှိနေပြီး ထိုဗီဒီယို ကို ဈေးနှုန်းမြင့်မြင့်နဲ့ ရောင်းချမယ်လို့ သိရပါတယ်။
ထိုဗီဒီယိုထဲမှာပါဝင်နေတာ Lil Wayne ဆိုတာကတော့ သေချာနေပြီး တွဲဖက်ရိုက်ကူးသူ မိန်းကလေးတွေတော့ သေချာမမြင်ရပါဘူး။ ဒါပေမယ့် Gossip Cop အဆိုအရ တစ်ယောက်ကတော့ Wayne နဲ့ အကြာကြီးတွဲခဲ့တဲ့ နာမည်ကျော်အဆိုတော်မလေး Christina Milian ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ Lil Wayne နဲ့ Christina Milan တို့ဟာ လမ်းခွဲလိုက်ကြပါပြီ။
အမည်မဖော်လိုတဲ့ ဗီဒီယိုပိုင်ရှင်ကတော့ နာမည်ကြီး Porn ၀က်ဘ်ဆိုဒ်တွေရဲ့ စိတ်ဝင်စားခြင်းကိုခံနေရပြီး အဆက်အသွယ်လည်း လုပ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
Lil Wayne ကတော့ Sex Tape ကောလဟာလနဲ့ ပတ်သတ်ပြီး ဘာမှမှတ်ချက်မပေးခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့တာဝန်ရှိသူကတော့ ဒါနဲ့ပတ်သက်ပြီး တရားစွဲဆိုမယ်လို့ဆိုထား ပါတယ်။
Cash Money Record နဲ့ ပဋိပက္ခဖြစ်နေတဲ့ Wayne ဟာ Cash Money Record ရဲ့ ပိုင်ရှင် ဖြစ်တဲ့ Birdman နဲ့ ဆက်ပြီး အလုပ်တွဲလုပ်ချင်စိတ်မရှိတော့ ဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာလည်း Lil Wayne လိုက်ပါလာတဲ့ နယ်လှည့်ဖျော်ဖြေရေး ယာဉ်ဟာ သေနတ်နဲ့ ပစ်ခတ်မှုခံခဲ့ရပြီး ထို ပစ်ခတ်မှုဟာ Birdman ရဲ့ လက်ချက်ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။
( Michelle )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Starpulse