Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Lyme ရောဂါအတွက် ကုသမှု ခံယူနေရဆဲ ဖြစ်တဲ့ Avril Lavinge

Lyme ရောဂါအတွက် ကုသမှု ခံယူနေရဆဲ ဖြစ်တဲ့ Avril Lavinge

| No comment



ကနေဒီယန် ပန့်ခ် အဆိုတော်မလေး Avril Lavinge ဟာ သူမရဲ့ ဘက်တီးရီးယား ကူးစက်ရောဂါ ဖြစ်တဲ့ Lyme ရောဂါ ခံစားနေရမှု နဲ့ ပတ်သက်ပြီး ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

Avril Lavinge ဟာ မနှစ်ကတည်းက ဘက်တီးရီးယား ဆိုင်ရာ ကူးစက်ရောဂါကို ခံစားခဲ့ရတာဖြစ်ပြီး သူမဟာ ထိုရောဂါကို ပျောက်ကင်းအောင် ကုသဖို့အတွက် ဆရာဝန် ရဲ့ ရုံးခန်းကို သွားရောက်နေတဲ့ ဓါတ်ပုံတစ်ပုံကို သူမရဲ့ Instagram အကောင့်က တစ်ဆင့် ဝေမျှခဲ့ပါတယ်။

သူမဟာ ဘေ့စ်ဘော ဦးထုပ်ကို ဆောင်းထားပြီး ဂျင်းဘောင်းဘီ ကိုလည်း စတိုင်ကျစွာ ၀တ်ဆင်ထားကာ ပြုံးပြီး ဆေးခန်းက ထိုင်ခုံမှာ ထိုင်နေတဲ့ ဓါတ်ပုံကို ဝေမျှခဲ့တာပါ။

သူမဟာ မကြာသေးခင်ကလည်း Good Morning America အစီအစဉ်မှာ သူမရဲ့ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ရုန်းကန်နေရမှုကို ပြောပြရင်း မျက်ရည်တွေကျခဲ့ဖူးပါတယ်။ "ဒါဟာ ငါ့ဘ၀ရဲ့ ဒုတိယ အကြိမ်မြောက် ထိခိုက်မှုပါပဲ" လို့ Avril Lavinge က ABC သတင်းဌာန ရဲ့ သတင်းထောက် Jesse Palmer ကို ငိုရင်းပြောပြခဲ့ပါတယ်။

Avril Lavinge ဟာ ၂၀၁၄ ခုနှစ်မှာ ထို ကူးစက်ရောဂါကို စတင်ခံစားခဲ့ရတာဖြစ်ပြီး ၅ လ လောက် အိပ်ယာထဲမှာ လဲနေခဲ့ရဖူးပါတယ်။ "ကျွန်မဟာ ကုသမှု တစ်ဝက်လောက်ရောက်နေပါပြီ။ ကျွန်မ ပိုပြီးလည်း သက်သာလာပါတယ်။" လို့ သူမက ပြောပြပါတယ်။

Avril Lavinge ဟာ ဒီလ အစောပိုင်းကပဲ သူမရဲ့ ခင်ပွန်းဖြစ်သူ Nickelback တီးဝိုင်းရဲ့ ရှေ့ထွက်ပုဂ္ဂိုလ် Chad Kroeger နဲ့ ၂ နှစ်တာ အိမ်ထောင်ရေးကို ကွာရှင်းပြတ်စဲ ပြီး အဆုံးသတ်ခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror