Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , MTV ဆုပေးပွဲ စင်နောက်မှာ ကိုကိန်းသုံးနေတယ်ဆိုတဲ့ သတင်းကို Taylor Swift ငြင်းဆို

MTV ဆုပေးပွဲ စင်နောက်မှာ ကိုကိန်းသုံးနေတယ်ဆိုတဲ့ သတင်းကို Taylor Swift ငြင်းဆို

| No comment



ကန်းထရီး အဆိုတော်မလေး Taylor Swift ရဲ့ ပြောရေးဆိုခွင့်ရှိသူဟာ Taylor Swift တစ်ယောက် MTV ဗီဒီယို ဂီတ ဆုပေးပွဲ ရဲ့ စင်နောက်မှာ မူးယစ်ဆေးဝါး သုံးစွဲ ခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်းငြင်းဆိုလိုက်ပါတယ်။ ဒီသတင်းကတော့ MTV ဗီဒီယို ဂီတ ဆုပေးပွဲ ရဲ့ စတိတ်စင် နောက်က ပုံရိပ်တွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ Taylor Swift ဟာ နှာခေါင်းကို ပွတ်နေတာ တွေ့ရတဲ့အတွက် ကိုကိန်း ရှုံ့နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

"Taylor Swift ကိုကိန်းဆွဲနေတလား" ဆိုတဲ့ ခေါင်းစဉ် နဲ့ ထို ဗီဒီယို ထွက်ရှိလာပြီး ဗီဒီယို ထဲမှာတော့ သူမဟာ နှာခေါင်းနာကို တစ်ခုခု နီးကပ်လာအောင် လုပ်ဆောင်နေပြီး နှာခေါင်းကို ပွတ်နေတာ တွေ့ရပါတယ်။ ဒါကို Taylor Swift ရဲ့ ပြောရေးဆိုခွင့်ရှိသူက သူမဟာ သာမန် နှာခေါင်းယားလို့ ပွတ်တာမျိုးပဲ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

ထိုဗီဒီယိုကလည်း အပျော်တမ်း ရိုက်ကူးထားခြင်းဖြစ်ပြီး အခမ်းအနားနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေမှာ ထုတ်လွှင့်ဖို့ အတွက် မဟုတ်ဘူးလို့ သိရပါတယ်။ ထိုဗီဒီယိုထဲမှာ Taylor ဟာ ကော်ရစ်ဒါ တစ်လျှောက်လမ်းလျှောက်လာပြီးတဲ့နောက် ရပ်လိုက်ကာ သူမရဲ့ လက်ထောက် အရာရှိကို တစ်ခုခု လှမ်းတောင်းလိုက်တာကိုတွေ့ရပါတယ်။

သူမရဲ့ ရှေးဦးသူနာပြု ၃ ယောက်က ရောက်လာပြီး လက်မောင်းချင်းချိတ်ဆက်ကာ Taylor ကို သီးသန့်လွတ်လပ်ခွင့်တစ်ခု ပေးလိုက်တာကိုလည်း တွေ့မြင်ရပါတယ်။

ဒါပေမယ့် ထိုဗီဒီယို ကို အနှေးပြကွက် နဲ့ ကြည့်လိုက်တဲ့အခါမှာတော့ Taylor ဟာ တစ်ရှုးတစ်ရွက်ကို ကိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ ရှေးဦး သူနာပြုတစ်ယောက်ကလည်း သူမ ရဲ့ နှာခေါင်းကို ဓါတ်မီးနဲ့ ထိုးကြည့်ပြီး ရောဂါ တစ်ခုခု ဖြစ်နေတာလားဆိုတာကို စစ်ဆေးပေးနေတာပဲ ဖြစ်ပါတယ်။

ထို ဗီဒီယို ကို YouTube မှာ တင်လိုက်တဲ့အခါ ကြည့်ရှုတဲ့ အကြိမ်အရေအတွက် ၆၇၀၀ ရှိပြီး MTV ရဲ့ ဥက္ကဋ္ဌ Viacom က ထို ဗီဒီယို ကို ဖယ်ရှားဖို့ ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#health.thithtoolwin.com

Ref : Dailymail