Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ပထမဆုံး ရင်သွေးလေးကို မျှော်လင့်နေကြတဲ့ Ne-Yo တို့စုံတွဲ

ပထမဆုံး ရင်သွေးလေးကို မျှော်လင့်နေကြတဲ့ Ne-Yo တို့စုံတွဲ

| No comment



အဆိုတော် Ne-Yo နဲ့ မော်ဒယ်လ် Crystal Renay တို့ဟာ စေ့စပ်ခဲ့ကြပြီး သူတို့ရဲ့ ပထမဆုံး ရင်သွေးလေးကိုလည်း မျှော်လင့်နေကြပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်ဟာ သူနဲ့ Renay တို့ဟာ တိုးတိုးတိတ်တိတ်လက်ထပ်ပြီး ဖြစ်ကြောင်းကို “@mscrystalrenay နဲ့ ကျွန်တော်တို့ နောက်နှစ်မှာ လက်ထပ်ဖို့အတွက် စေ့စပ်ပြီးသွားပါပြီ။ ပြီးတော့ ဟုတ်ပါတယ် ကျွန်တော်တို့ ရင်သွေးလေးကိုလည်း မျှော်လင့်နေကြပါတယ် #FromTheHorsesMouth” လို့ Tweeter မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Ne-Yo ဟာ ဇနီးဟောင်း Monyetta Shaw နဲ့ရရှိခဲ့တဲ့ ၄ နှစ်အရွယ်သမီးလေး Madilyn နဲ့ ၃နှစ်သား Mason တို့ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ ဝေဖန်သူတစ်ချို့ကလည်း Ne-Yo က Shaw ကို လမ်းခွဲဖို့ဖိအားပေးခဲ့တယ်လို့ ပြစ်တင်ဝေဖန်တဲ့ သတင်းတွေလည်း ထွက်ရှိခဲ့ပါတယ်။

“Mo ကို လမ်းခွဲဖို့ ကျွန်တော် ဖိအားမပေးခဲ့ပါဘူး။ နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်ပါ။ အားလုံးကို ရှင်းလင်းပြောပြနေဖို့ မလိုပါဘူးဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော့်ပရိသတ်တွေအတွက် ထောက်ခံသူတွေအတွက် ပြောပြနေတာပါ။ အလိမ်အညာတွေ ဘာမှမပါပါဘူး #SheCanHaveKids #FromTheHorsesMouth” လို့ တုံ့ပြန်ရေးသားထားတာကို တွေ့ရပါတယ်။

Ne-Yo နဲ့ Renay တို့ဟာ ၂၀၁၄ အစောပိုင်းကတည်းက တွဲခဲ့ကြတာဖြစ်ပြီး Renay က သူတို့နှစ်ဦးသား တွဲဖက်ရိုက်ကူးထားတဲ့ ပုံကို Instagram မှာဖော်ပြခဲ့ပြီး “ ဘယ်သူတွေဘာပြောပြော ကျွန်မတို့နှစ်ယောက်က လက်တွဲသွားမှာပါ ပြီးတော့ ဒီထက်ပိုပျော်ဖို့ကောင်းတာလည်း မရှိတော့ပါဘူး” လို့ ဝေဖန်မှုတွေအပေါ် တုံ့ပြန်ရေးသားထားခဲ့ပါတယ်။

“ရှင်တို့ရဲ့ မကောင်းမြင်မှုတွေက ကျွန်မတို့အတွက် ဘာမှမဟုတ်ပါဘူး။ ကျွန်မတို့ ပျော်နေကြတယ်။ ပျော်လည်းပျော်ခဲ့ကြသလို ဘယ်သူတွေဘာပြောပြော အမြဲတမ်းလည်း ပျော်ရွှင်နေကြမှာပါ။ ကျွန်မအတွက် ခုလို ပျော်စရာတွေဖန်ဆင်းပေးတဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ်” လို့လည်း ထုတ်ဖော်ရေးသားထားပါသေးတယ်။

Ne-Yo က သူ့ရဲ့ ဆဌမမြောက်အယ်လ်ဘမ် Noe Fitcion ကို ဇန်န၀ါရီလက ဖြန့်ချိခဲ့ပြီး “ Money Can’t Buy” ၊ “ She Knows” စတဲ့သီချင်းတွေနဲ့အတူ Billboard 200 စာရင်းမှာ နံပါတ် ၅ ချိတ်ခဲ့ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi