Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Nick Jonas နဲ့ Kate Hudson တို့ တွဲနေကြတာလား?

Nick Jonas နဲ့ Kate Hudson တို့ တွဲနေကြတာလား?

| No comment



အသက် ၃၆ နှစ် အရွယ် Kate Hudson နဲ့ အသက် ၂၃ နှစ်အရွယ် Nick Jonas တို့ဟာ ပြီးခဲ့တဲ့ အားလပ်ရက်အတွင်း အတူတကွ လျှောက်လည် နေကြတာကို တွေ့ခဲ့ရပါတယ်။

ပေါ့ပ် ဂီတ ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Nick Jonas ဟာ မကြာသေးမီကမှ ချစ်သူကောင်မလေးဖြစ်သူ Olivia Culpo နဲ့ လမ်းခွဲခဲ့ပြီး ဖလော်ရီဒါ ပြည်နယ်မှာ သူ့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲ အတွက် ရောက်ရှိနေကာ House of Blues မှာ သူ့ရဲ့ ပရိတ်သတ်တွေကို စနေနေ့မှာ သီဆိုဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Nick Jonas ဟာ ကမ္ဘာပေါ်မှာ ပျော်ဖို့အကောင်းဆုံးနေရာလို့ သတ်မှတ်ထားကြတဲ့ Disney World ကို သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။ အဲဒီအခါမှာတော့ ပရိတ်သတ်တွေ အားလုံးက Nick Jonas နဲ့ ဟောလီးဝုဒ် မင်းသမီး Kate Hudson တို့ကို အတူတကွ တွေ့ခဲ့ကြတာပဲ ဖြစ်ပါတယ်။

သူတို့ ၂ ယောက်ကို ရိုလာကိုစတာ အတူစီးနေတာကိုတွေ့ခဲ့တဲ့နောက်မှာ ပရိတ်သတ် တစ်ယောက် က ဓါတ်ပုံ ရိုက်ယူပြီး "Nick Jonas နဲ့ Kate Hudson တို့ မှော်ဝင်တိုင်းပြည်ထဲက ရိုလာကိုစတာ ပေါ် ရောက်နေကြတယ်" လို့ ရေးသားထားပါတယ်။ အဲဒီနောက်မှာတော့ သူတို့ ၂ ယောက်ဟာ မိုင်ယာမီ ကမ်းခြေမှာလည်း နေ့လည်စာ အတူစားခဲ့ကြတာကို တွေ့ရပြန်ပါတယ်။

သူတို့ ၂ ယောက်ဟာ Kate ရဲ့ အစ်ကိုဖြစ်သူ Oliver ရဲ့ အကူအညီနဲ့ စတင်ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ပရိတ်သတ်တွေကတော့ သူတို့ ၂ ယောက် ရဲ့ ကဗျာဆန်မှု တွေစတင်နေပြီလို့ ထင်ထားကြပေမယ့် သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ သူတို့ ၂ ယောက်တွဲနေတယ်ဆိုတာ မဟုတ်ကြောင်း TMZ သတင်းဌာန ကို ပြောပြခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror