Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Once Upon a Time တွင် Jamie Chung ပြန်လည်ပါဝင်သရုပ်ဆောင်မည်

Once Upon a Time တွင် Jamie Chung ပြန်လည်ပါဝင်သရုပ်ဆောင်မည်

| No comment



ABC ရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်တဲ့ Once Upon a Time မှာ Jamie Chung ပြန်လည်ပါဝင်သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

အသက် ၃၂နှစ်အရွယ် မင်းသမီးဟာ မူလန်အဖြစ် Season 5 ဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ အင်္ဂါနေ့က E!News က ကြေညာခဲ့ပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးသူ Adam Horowitz ကလည်း ဒီသတင်းအကြောင်းကို Twitter ကတစ်ဆင့် အတည်ပြုပြောကြားခဲ့ပါတယ်။

“အားလုံးပဲ ဘယ်သူပြန်လာလဲ ကြည့်လိုက်ပါဦး! #OnceUponATime season 5! #Mulan အတွက် @jamiechung1 ကို ကြိုဆိုလိုက်ကြရအောင်”  လို့ ရေးသားထားပါတယ်။

Chung က ဇာတ်လမ်းတွဲ Season 2 မှာ စတင်ပါဝင်ခဲ့ပြီး Season 3 မှာတော့ Mulan ဟာ သူ့ဘ၀ရဲ့အချစ်ကို ရှာဖွေပြီးတဲ့နောက် Merry Men က ချန်ထားခဲ့ပြီး Robin Hood’s (Sean Magurie) နဲ့ ကျန်ရစ်ခဲ့ကာ မင်းသမီး Aurora (Sarah Bolger)က မင်းသား Philip (Julian Morris) ရဲ့ ကိုယ်ဝန်ကိုလွယ်ထားခဲ့ရတဲ့တတိယပိုင်းမှာ နောက်ဆုံးမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

မင်းသမီးက “ စတင်ရိုက်ကူးရမှာက အရမ်းသဘာဝဆန်ပါတယ်” လို့ ပြီးခဲ့တဲ့နှစ် Mulan’s Love for Aurora ဇာတ်လမ်းတွဲတုန်းက ပြောကြားခဲ့ပါတယ်။ “ ပရိသတ်တွေအတွက် ဒီလို မေးခွန်းအကြီးကြီးနဲ့ချန်ခဲ့မယ်ဆိုရင် တော်တော် စိတ်ပျက်စရာကောင်းမယ်လို့ ကျွန်မထင်ပါတယ်။ ဇာတ်လမ်းတွဲကို နှလုံးသားနဲ့အတူခံစားပြီး ရိုက်ကူးဖို့ပြန်လာခဲ့မှာပါ” လို့လည်း ပြောခဲ့ပါသေးတယ်။

Once Upon a Time season 5 ကို စက်တင်ဘာ ၂၇ ရက်နေ့မှာ စတင်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ Chaung ဟာ Brian Greenberg နဲ့အတူ A Year and Change မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi