Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကမ္ဘာကြီး ကို ငြိမ်းချမ်းရေး ပြသနာ တွေ ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားနေတဲ့ One Direction

ကမ္ဘာကြီး ကို ငြိမ်းချမ်းရေး ပြသနာ တွေ ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားနေတဲ့ One Direction

| No comment



မိန်းကလေး ပရိတ်သတ်တွေနဲ့ ဆယ်ကျော်သက် လူငယ်တွေ ရဲ့ အသည်းစွဲ One Direction အဖွဲ့ဟာ အဖွဲ့ကို ဖျက်သိမ်းကြတော့မှာပါ။ ဒါပေမယ့်လည်း သူတို့ဟာ ကမ္ဘာကြီး ကို ငြိမ်းချမ်းရေး ပြသနာ တွေ ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားနေဆဲ ပဲ ဖြစ်ပါတယ်။

One Direction အဖွဲ့ရဲ့ အမာခံ ပရိတ်သတ်တွေကလည်း #action1D ဆိုတာကို လူမှုကွန်ရက်တွေမှာ ဝေမျှ ရင်း Dear World Leaders ဆိုတဲ့ ရုပ်ရှင်ကို ပရိုမိုးရှင်း လုပ်ပေးခြင်းနဲ့ အလုပ်များနေကြပါတယ်။

"action/1D အတွက် ပရိတ်သတ်တွေရဲ့ တုံ့ပြန်မှု ဟာ ငါတို့ကို လွှမ်းမိုးထားပါတယ်" လို့ One Direction အဖွဲ့ရဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် Harry Styles က ဆိုပါတယ်။ ထို အစီအစဉ်ကတော့ One Direction အဖွဲ့ရဲ့ သန်းပေါင်းများစွာသော ပရိတ်သတ် တွေကို သူတို့ နေချင်တဲ့ ကမ္ဘာကြီးရဲ့ ပုံစံကို မေးမြန်း ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

ဒါတင်မကပဲ One Direction အဖွဲ့ဟာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ Desmond Tutu ၊ Sir Richard Branson ၊ Ben Affleck ၊ Bill Gates နဲ့ Bono တို့ကိုလည်း action/2015 အတွက် အကူအညီ ရယူထားပါသေးတယ်။ One Direction အဖွဲ့ရဲ့ ပရိတ်သတ်တွေဟာ အံ့သြဆန်းကြယ် ပါတယ်လို့လည်း Harry Styles က ဆိုထားပါတယ်။

"သူတို့ဟာ ကျွန်ုပ်တို့ကို သူတို့ရဲ့ စွဲလန်းမှု တွေ ၊ ရည်စူးမှုတွေနဲ့ အံ့အားသင့်စေခဲ့ပါတယ်။ပြီးတော့ ဒီ ရုပ်ရှင်ဟာလည်း သူတို့ကို သက်ရောက်မှု ရှိစေခဲ့တဲ့ ကိစ္စတွေမှာ သူတို့ ဘယ်လောက် ပါဝင်ပတ်သက်နေတယ်ဆိုတာကို ပြသမှာပါ။ သူတို့ကို ဘာတွေက ပြသနာရှိစေလဲဆိုတာနဲ့ သူတို့ ဘယ်လို ကမ္ဘာမျိုးမှာ နေချင်လည်းဆိုတာကို မြင်ရ ၊ ကြားရ မှာပါ" လို့ Harry Styles က ဆိုထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror