Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Rihanna ရဲ့ ရေမွှေးအသစ် မိတ်ဆက်ပွဲမှာ တိရိစ္တာန်အခွင့်အရေး လှုပ်ရှားသူတွေ ဆန္ဒပြ

Rihanna ရဲ့ ရေမွှေးအသစ် မိတ်ဆက်ပွဲမှာ တိရိစ္တာန်အခွင့်အရေး လှုပ်ရှားသူတွေ ဆန္ဒပြ

| No comment



အဆိုတော်မလေး Rihanna ရဲ့ ရေမွှေးအသစ် မိတ်ဆက်ပွဲ ဟာ သားမွေး ၀တ်ဆင်ခြင်း ဆန့်ကျင်ရေး ဆန္ဒပြသူ တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပါတယ်။ Rihanna အတွက်တော့ ရှက်စရာ တစ်ခုပါပဲ။

Barbados ကျွန်းစွယ်မှာ မွေးဖွားခဲ့တဲ့ အဆိုတော်မလေး Rihanna ဟာ တနင်္လာနေ့က နယူးယော့ခ် မြို့တော် ၊ Brooklyn ရပ်ကွက်အတွင်း က Macy ရှော့ပင်းစင်တာမှာ သူမထုတ်လုပ်တဲ့ ရေမွှေး အသစ်ကို မိတ်ဆက်ပွဲ ကျင်းပ ပြီး ရောင်းချခဲ့ပေမယ့် စိတ်တိုနေတဲ့ တက်ကြွလှုပ်ရှားသူ အချို့ရဲ့ နှောင့်ယှက်ခြင်းကိုပါ ခံလိုက်ရပါတယ်။

Rihanna က သူမ ထုတ်လုပ်တဲ့ ရေမွှေးရဲ့ ရနဲ့ကို ပရိတ်သတ် တွေ နဲ့ မိတ်ဆက်ပေးနေစဉ်မှာပဲ ဆိုင်းဘုတ် များ ကိုင်ဆောင်ထားတဲ့ တက်ကြွလှုပ်ရှားသူတွေရောက်လာပြီး Rihanna ကို အော်ဟစ် ရှုံ့ချခဲ့ပါတယ်။ Their Turn ဆိုတဲ့အဖွဲ့အစည်းတစ်ခုက ရိုက်ကူးထားတဲ့ ဗီဒီယို မှာတော့ "ရီဟားနားအတွက်ရှက်တယ်!ရီဟားနားအတွက်ရှက်တယ်!တိရိစ္ဆာန် အကောင် ၅၀ သေပေးရတယ် - သားမွေး ကုတ် အကျီင်္တစ်ထည်အတွက်" လို့ အော်ဟစ်ခဲ့ကြပါတယ်။

မကြာခင်မှာပဲ အဆိုတော် Rihanna ရဲ့ လုံခြုံရေး အဖွဲ့က ၀င်ရောက်ကာ ဆန္ဒပြသူတွေကို အဆောက်အဦးအတွင်းမှ ဖယ်ထုတ်သွားကြပါတယ်။ ဒါဟာ Rihanna အတွက် တိရိစ္ဆာန်များရဲ့ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူ တွေ ရဲ့ နှောင့်ယှက်ခြင်းကို ခံရတာ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ၂၀၁၂ တုန်းကလည်း မြွေအရေခွံ နဲ့ ပြုလုပ်ထားတဲ့ ဖိနပ်ကို စီးခဲ့တဲ့အတွက် PETA အဖွဲ့ က Rihanna ကို ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။

အဲဒီအချိန်တုန်းကတော့ Rihanna ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က "Rihanna အနေနဲ့ ထိုဖိနပ် ကို ချုပ်ဖို့ လိုအပ်တဲ့ မြွေ အရေခွံ ကို အရေခွဲလဲထားတဲ့ သစ်ပင်ပေါ်က ယူလာတာလား အသက်ရှင်လျက်ကနေ ယူတာလား ဆိုတာကို မသိနိုင်ပါဘူး။ အဲဒီအတွက်လည်း ငိုခြင်းချနေဖို့မလိုပါဘူး။ " လို့ ဆိုခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror