Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Robert Pattinson နဲ့လမ်းခွဲတုန်းက အရမ်းကို နာကျင်ခဲ့ရတယ်လို့ ၀န်ခံလိုက်တဲ့ Kristen Stewart

Robert Pattinson နဲ့လမ်းခွဲတုန်းက အရမ်းကို နာကျင်ခဲ့ရတယ်လို့ ၀န်ခံလိုက်တဲ့ Kristen Stewart

| No comment



ဟောလီးဝုဒ် မင်းသမီး တစ်ယောက်ဖြစ်တဲ့ Kristen Stewart ဟာ သူမရဲ့ ရည်းစားဟောင်း Robert Pattinson နဲ့ လမ်းခွဲခဲ့စဉ်က အရမ်းကို နာကျင်ခဲ့ရတယ်လို့ ၀န်ခံ ပြောကြားလိုက်ပါတယ်။

Kristen Stewart နဲ့ Robert Pattinson တို့စုံတွဲဟာ Twillight ဇာတ်လမ်းတွဲမှာ အတူတွဲဖက် သရုပ်ဆောင်ခဲ့တဲ့ စုံတွဲ ပဲ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်ဟာ Twillight Breaking Dawn Part Two ဇာတ်လမ်း ထွက်ရှိပြီး ၆ လ အကြာ ၂၀၁၃ ခုနှစ် ဧပြီလ မှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ ၂ ယောက်ဟာ စေ့စပ်ခဲ့ပြီး လော့အိန်ဂျလိစ် မြို့ မှာ အတူနေထိုင်ကြတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း Kristen Stewart ရဲ့ ၂၀၁၂ ခုနှစ်တုန်းက ဒါရိုက်တာ Rupert Sanders နဲ့ ဖောက်ပြန်ခဲ့မှု ဟာ သူတို့ရဲ့ အချစ်ရေး ကို အကောင်းအတိုင်း ပြန်မဖြစ်စေနိုင်တော့ပါဘူး။

"အဲဒီတုန်းက မခံမရပ်နိုင်အောင် နာကျင်ခဲ့ရပါတယ်" လို့ Kristen Stewart က ဆိုပါတယ်။

ဒါ့အပြင် Kristen Stewart က သူမအနေနဲ့ Equals ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို တွဲဖက်သရုပ်ဆောင် Nicholas Hoult နဲ့အတူ ရိုက်ကူးခဲ့ခြင်းဟာ သူမရဲ့ လမ်းခွဲပြတ်စဲခဲ့မှု အတွက် အများကြီး အကူအညီ ဖြစ်စေခဲ့တယ်လို့လည်း ၀န်ခံထားပါသေးတယ်။ Hoult ဟာလည်း X-Men ဇာတ်လမ်းထဲက တွဲဖက်သရုပ်ဆောင် Jennifer Lawrence နဲ့ ရန်ဖြစ်လိုက် ၊ ပြန်ချစ်လိုက် အနေအထားမှာ ရှိနေပါတယ်။

Kristen Stewart ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Robert Pattinson ကတော့ အဆိုတော် ကောင်မလေး FKA Twigs နဲ့တွဲနေခဲ့တာ ၁ နှစ်ကျော်နေပြီဖြစ်သလို Kristen Stewart ဟာလည်း သူမရဲ့ ကိုယ်ရေး လက်ထောက် ကောင်မလေး Alicia Cargile နဲ့ မိန်းကလေး ချင်း ချစ်ကြိုက်နေကြတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror