Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Sandra Bullock ဟာ LA မှ ဓါတ်ပုံဆရာ အဖြစ် လှုပ်ရှားနေသူနဲ့ တွဲခုတ်နေ

Sandra Bullock ဟာ LA မှ ဓါတ်ပုံဆရာ အဖြစ် လှုပ်ရှားနေသူနဲ့ တွဲခုတ်နေ

| No comment



Sandra Bullock ရဲ့ ဓါတ်ပုံဆရာတစ်ဦးဖြစ်တဲ့ လျှို့ဝှက်ချစ်သူဟာ Bryan Randall လို့ သိရှိရပါတယ်။

People မဂ္ဂဇင်းရဲ့ အဆိုအရ ငွေရောင်ဆံနွယ်များပိုင်ရှင် Randall ဟာ မော်ဒယ်လ်အဖြစ်မှ ဓါတ်ပုံဆရာအဖြစ် ပြောင်းလဲလှုပ်ရှားနေပြီး Los Angeles အခြေစိုက် Lifestyle ဓါတ်ပုံဆရာအဖြစ် အောင်မြင်ကျော်ကြားနေသူတစ်ဦး ဖြစ်ပါသတဲ့။ သူဟာ တစ်ချိန်က Saint Laurent နဲ့ Harper’s Bazaar Singapore ရဲ့ နာမည်ကျော်ဖက်ရှင် မော်ဒယ်လ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

Randall ဟာ အဖေတစ်ယောက်ဖြစ်ပြီး သူ့သမီးနဲ့ သမီးရဲ့မိခင်ဖြစ်သူတို့နာမည်တွေကို သူ့လက်ချောင်းတွေမှာ တက်တူးထိုးထားပါတယ်။ ရင်းနှီးသူတစ်ဦးကတော့ People ကို “ သူက တစ်ကယ့်လူကောင်းတစ်ယောက်ပါ ပြီးတော့ သူ့မိသားစုဘ၀ကလည်း သာယာလှပပါတယ်” လို့ ဖြေကြားထားပါတယ်။

မကြာသေးခင်ကပဲ Bullock က Randall ကို Jennifer Aniston နဲ့ Juston Theroux တို့ရဲ့ နေအိမ်မှာကျင်းပတဲ့ မင်္ဂလာအခမ်းအနားသို့ အတူတူခေါ်ဆောင်တက်ရောက်ခဲ့ပါတယ်။

Minions ဇာတ်ကားထဲမှာ ဟာသသရုပ်ဆောင်တွေဖြစ်တဲ့  Michael McDonald, Tate Donovan, Matthew McConaughey , Ryan Gosling တို့နဲ့အတူ တွဲဖက်ပြီး အသံသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဟာ Jesse James နဲ့ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ အထိ လက်ထပ်နေထိုင်ခဲ့ပြီး Louis ဆိုတဲ့ သားလေးတစ်ယောက်ကိုလည်း မွေးစားထားပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi