Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဂန္တ၀င် ရော့ခ်အဆိုတော် Steven Tyler နဲ့ တွဲဖက်ဖျော်ဖြေခဲ့တဲ့ Taylor Swift

ဂန္တ၀င် ရော့ခ်အဆိုတော် Steven Tyler နဲ့ တွဲဖက်ဖျော်ဖြေခဲ့တဲ့ Taylor Swift

| No comment



လက်ရှိ ဂီတ လောက တစ်ခုလုံးကို ၀င်ငွေအရရော ၊ ခွေရောင်းအား အရပါ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ကန်းထရီး အဆိုတော်မလေး Taylor Swift ဟာ နာမည်ကြီးအဆိုတော်တွေကို အမှတ်မထင် အမြဲတမ်းဖိတ်ခေါ်ပြီး စင်မြင့်ပေါ်မှာ အတူတွဲဖက်ဖျော်ဖြေလေ့ရှိခဲ့ပါတယ်။

အခုလည်းပြီးခဲ့တဲ့ သောကြာင်္နေ့က အမေရိကန် ပြည်ထောင်စု Nashville မြို့မှာ ကျင်းပခဲ့တဲ့  ဖျော်ဖြေပွဲတစ်ခုမှာ Taylor Swift ဟာ ကမ္ဘာကျော် ရော့ခ်တီးဝိုင်းတစ်ခုဖြစ်တဲ့ Aerosmith အဖွဲ့က အဆိုတော် Steven Tyler နဲ့အတူ တွဲဖက်သီဆို ဖျော်ဖြေခဲ့ပြန်ပါတယ်။

တစ်ခေတ်တစ်ခါက ဂန္တ၀င် ရော့ခ်အဆိုတော်ဖြစ်ခဲ့တဲ့ Steven Tyler နဲ့ ယနေ့ခေတ် ရဲ့ ဂန္တ၀င်အဆိုတော် Taylor Swift တို့ ၂ ယောက်ဟာ ပူးပေါင်းပြီးတော့ Aerosmith အဖွဲ့ရဲ့ နာမည်ကြီး သီချင်းဖြစ်တဲ့ I Don't Want to Miss a Thing ဆိုတဲ့ သီချင်းကို အတူတူ သီဆို ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

အသက် ၆၇ နှစ်ရှိနေပြီဖြစ်တဲ့ ရော့်ခ်အဆိုတော်ကြီး Steven Tyler ဟာ နောက်နှစ်ထဲမှာ အခွေတစ်ခွေထုတ်လုပ်ဖို့ စီစဉ်ထားပြီး အခုလို အသက် ၂၅ နှစ်အရွယ် နာမည်ကျော် ကန်းထရီးအဆိုတော်နဲ့ စင်မြင့်ပေါ်မှာ တွဲဖက် သီဆိုဖျော်ဖြေခဲ့တာဟာ ပရိတ်သတ်တွေအားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

အမေရိကန် အိုင်ဒေါလ် အစီအစဉ်မှာလည်း အမှတ်ပေးဒိုင်တစ်ယောက်ဖြစ်တဲ့ Steven Tyler ကတော့အခုလို ရော့်ခ် အခွေတစ်ခွေ ထပ်မံ ထွက်ရှိဦးမယ်လို့ သတင်းတွေလွှင့်ထားတဲ့အတွက် ရော့ခ် ပရိတ်သတ်အစစ်အမှန်တွေက သဘောကျစွာ စောင့်မျှော်နေကြပါတယ်။ လက်ရှိ ရော့ခ် နဲ့ ကန်းထရီး ပရိတ်သတ်တွေအကြားမှာတော့ ပေါ့ပ်ဆန်တဲ့ သီချင်းတွေဆိုလို့ နာမည်ပျက်နေတဲ့ Taylor Swift နဲ့ Steven Tyler အခုလိုတွဲဆိုခဲ့တာကို သဘောမကျကြပေမယ့် Steven Tyler ကိုယ်တိုင်ကလည်း Taylor Swift ကို ချီးမွမ်းထားတာတွေရှိနေပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail