Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , The Jungle Book ရုပ်ရှင်ရဲ့ ဇာတ်လမ်းအညွှန်း ပထမဆုံးအကြိမ် ထွက်ရှိလာပါပြီ

The Jungle Book ရုပ်ရှင်ရဲ့ ဇာတ်လမ်းအညွှန်း ပထမဆုံးအကြိမ် ထွက်ရှိလာပါပြီ

| No comment



Neel Sethi ရိုက်ကူးပုံဖော်ထားတဲ့ The Jungle Book ရုပ်ရှင်ရဲ့ ပထမဆုံး ဇာတ်လမ်းအညွှန်းကို အင်္ဂါနေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။

အမြည်းပြကွက်တွေထဲမှာ ၁၀ နှစ်သားအရွယ် တောတွင်းသား ကလေးငယ် Mowgli ကို တွေ့မြင်ရမှာဖြစ်ပြီး Scarlett Johansson က စပါးကြီးမြွေကြီး Raa အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။

ဒါရိုက်တာ Jon Favreau ရိုက်ကူးပြီး ၂၀၁၆ ဧပြီလ ၁၅ရက်နေ့မှာ ရုံတင်ပြသမယ့် “Elf and Iron Man” ရုပ်ရှင်မှ Bill Murray က Baloo အဖြစ် အသံသရုပ်ဆောင်မှာဖြစ်ပြီး Ben Kingsley က Bagheera ၊ Idris Elba က Shere Khan ၊  Christopher Walken  က King Louie နဲ့ Lupita Nyongo က Raksha အဖြစ် အသီးသီး အသံသရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

Rudyard Kipling ၀တ္တုပုံပြင်ကို အခြေခံထားတဲ့ The Jungle Book ကို ၁၉၆၇ ခုနှစ် Disney ရုပ်ရှုင်က ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ကို မှီငြမ်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကတော့ လူသားတွေနဲ့ပုံဖော်ရိုက်ကူးထားတဲ့ Mowgli ရုပ်ရှင်ကားအဖြစ် Jason Scott Lee က ပထမဆုံးပြန်လည် ရိုက်ကူးခဲ့ပါတယ်။

Andy Serkis ကတော့ ခုလက်ရှိ Jungle Book ဇာတ်ကားကို Warner Bros. Pictures အတွက် ရိုက်ကူးနေတာဖြစ်ပါတယ်။ ရုပ်ရှင်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားပြီး Rohan Chand က Mowgli အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး အသံသရုပ်ဆောင်တွေကတော့ Benedict Cumberbath, Christian Bale နဲ့ Cate Blanchett တို့က ပါဝင်အားဖြည့်ထားပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi