Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Tom Hardy က James Bond အဖြစ်ပါဝင်သရုပ်ဆောင်ဖို့ စဉ်းစားနေကြောင်းပြော

Tom Hardy က James Bond အဖြစ်ပါဝင်သရုပ်ဆောင်ဖို့ စဉ်းစားနေကြောင်းပြော

| No comment

Jamse Bond ရုပ်ရှင်စီးရီးတွေထဲမှာ Daniel Craig အစား Tom Hardy ကို အစားထိုးသရုပ်ဆောင်စေဖို့ စဉ်းစားနေကြပါသတဲ့။

အင်္ဂလန်နိုင်ငံသား အသက် ၃၇ နှစ်အရွယ် မင်းသားဟာ Sky News နဲ့ အင်တာဗျူးတစ်ခုမှာ သရုပ်ဆောင်အဖြစ် ပါဝင်ဖို့ နှစ်ခြိုက်ကြောင်း ပြောကြားထားပါတယ်။ “ ကျွန်တော့်အထင် Bond အဖြစ်သရုပ်ဆောင်ဖို့ လူတိုင်းကို ရွေးချယ်ဖို့စဉ်စားနိုင်တာပဲလေ။ မဟုတ်ဘူးလား? “ လို့ သူကဆိုပါတယ်။

Luther စတားတစ်ယောက်ဖြစ်တဲ့ Idris Elba က သရုပ်ဆောင်မယ်လို့ လပေါင်းအတော်ကြာ ကောလဟာလတွေထွက်နေခဲ့ပြီး မဲခွဲဆုံးဖြတ်ချိန်မှာတော့ နောက်ကျကျန်နေခဲ့တာ ဖြစ်ပါတယ်။ Hardy က ၂ပုံ ၁ပုံ၊ Elba က ၃ပုံ ၁ပုံ၊ Homeland သရုပ်ဆောင် Damian Lewis က ၇ပုံ ၂ပုံ နဲ့ Superman စတား Henry Cavill က ၄ပုံ ၁ပုံတို့ဖြစ်ပါတယ်။

James Bond အဖြစ်သရုပ်ဆောင်ခဲ့သူ မင်းသားကြီး Pierce Brosnan က Elba ကို ထောက်ခံခဲ့သော်လည်း မင်းသားကိုယ်တိုင်က ရိုက်ကူးဖို့ငြင်းဆန်ခဲ့ပါတယ်။ James Bond စာရေးဆရာဖြစ်သူ Anthony Horowitz က သူ့ကို သရုပ်ဆောင်ဖို့ စရိုက်ဆန်လွန်းတယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တာကြောင့် ဖြစ်ပါသတဲ့။

Craig ရဲ့ စတုတ္ထမြောက် James Bond ရုပ်ရှင် Specter ကို နိုဝင်ဘာ ၆ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Hardy ဟာ The Dark Knight Rises ဇာတ်ကားမှာ Bronson အဖြစ်နဲ့ Mad Max: Fury Road ဇာတ်ကားတွေမှာ လူသိများပြီး Legend ဇာတ်ကားမှာ Emily Browning နဲ့အတူ သရုပ်ဆောင်ဖို့ရှိပြီး The Revenant ဇာတ်ကားမှာ Lenoardo DiCaprio နဲ့တွဲဖက်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

(Michelle)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Upi