Twilight ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် စူပါမားကတ်တစ်ခုကို မရောက်ဖြစ်တာ ခြောက်နှစ်ကြာခဲ့ကြောင်း NME မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဆောင်းပါးမှာ Robert Pattinson က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
နာမည်ကြီးစာအုပ်ဇာတ်လမ်းတွဲကို ပြန်လည်အသက်သွင်းထားတဲ့ Twilight ဇာတ်လမ်းမှာ သွေးစုပ်ဖုပ်ကောင် Edward Cullen နေရာက သရုပ်ဆောင်ခဲ့ပြီးနောက်မှာ တဟုန်ထိုးနာမည်ကြီးခဲ့တဲ့ Robert Pattinson က သူ့ နောက်ကို ၂၄နာရီ တစ်ပတ်လုံးလိုက်နေတဲ့လူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“နေ့ စဉ်နေ့ တိုင်း ကျွန်တော့်အိမ်အပြင်မှာ ထိုင်စောင့်နေတဲ့လူတွေရှိတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာပဲ” လို့ Robert က NME မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။
“ကျွန်တော် စူပါမားကတ်တစ်ခုဆီမသွားဖြစ်တာ ခြောက်နှစ်လောက်ရှိခဲ့တယ်။ အခုတော့ ကျွန်တော် အထဲဝင်ပြီး အဲဒီမှာအလုပ်လုပ်နေတဲ့လူတစ်ယောက်နဲ့ သူ့ ကလေးတွေအကြောင်း၊ အားလပ်ရက်မှာ ဘယ်တွေသွားမှာလဲဆိုတဲ့အကြောင်းတွေကို “ ဒီလူ ငါ့အကြောင်းများ သတင်းရောင်းစားဦးမလား” လို့ မတွေးဘဲ စကားစမြည်ပြောနိုင်ပြီပေါ့” လို့ Robert က ပြောကြားခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်မင်းသားဟာ Twilight မှာ အတူတွဲသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kristen Stewart နဲ့  ချစ်ကြိုက်ခဲ့ပေမယ့်၊ Kristan Stweart ဟာ ဒါရိုက်တာ Rupert Sanders နဲ့ ဇာတ်လမ်းတွေ ထွက်လာပြီးနောက်မှာ သူတို့ နှစ်ဦးပြတ်စဲခဲ့ကြတာဖြစ်ပါတယ်။
( Ye Wint )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref: Mirror